Tuesday, August 7, 2012

ကျနော်တို့နှစ်ယောက်

ဘ၀ရဲ့တခဏ
ကြုံဆုံခဲ့ကြရတာမို့
တယောက်ကိုတယောက်
အမြင်တွေဖလှယ်ကြ
ကျနော်တို့တတွေ စသိခဲ့ကြတယ်...။

ဒီလိုနဲ့ တီတီတာတာတွေပြောကြ
ခံစားချက်တွေ ဝေမျှရင်း
ရင်ခုန်သံတွေ ထပ်တူကြလို့
ခင်မင်ခွင့်တွေ နီးစပ်ခဲ့ကြတယ်...။


နှလုံးသားရဲ့တောင်းဆိုချက်
ရင်တွင်းစကားတွေ ထိုးနှက်ခဲ့လို့
အဖြူရောင် စည်းတံတားတွေ ကျော်လွှား
ခံစားချက်တွေ ဖောက်ပြားကာ
အချစ်ပန်းတို့ ဖူးပွင့်ခဲ့ဖူးတယ်....။

ကြုံဆုံမယ့် အခက်အခဲ
ရင်ဆိုင်ကာ နွဲပြီး
ဘ၀ရဲ့အမောတွေကြား
တွန်းလှန်ကာ အားတင်းထားမယ်လို့
ကျနော်တို့ နှစ်ဦးကြားမှာ
ဆိုစကားတွေ ရှိခဲ့ဖူးတယ်...။

ဓါးတောင်ကိုဖြတ်လှမ်း
မီးပင်လယ်ကို ဖြတ်သန်းရလည်း
အပြုံးမပျက် ပေါင်းဖက်
ဘ၀ဆုံးထိ ချစ်လျှက်ပဲဟု
သူနဲ့ ကျနော်
ကြွေးကြော်ခဲ့ဖူးတယ်...။


တခါတခါ
တယောက်လိုအပ်ချက်တွေ တဦးဖြည့်ဆည်း
ရှု့မငြီးပဲ အပြုံးတွေယှက်လို့
အတုန့်အလှည့် ရဲ့ နောက်ကွယ်မှာ
အကြင်နာတွေ ပိုခဲ့ကြဖူးတယ်...။

သူ့မျက်နှာ ရွှင်မပြ
ဒေါသတွေ ဖောင်းပွတတ်တဲ့ခါ
အေးချမ်းစွာ ဖျောင်းဖျ
အနှောက် စကားတွေနဲ့
မှောက်မှားမသွားအောင်လို့
ပကတိမေတ္တာကို လှစ်ခါပြ
မာန်မာနတွေ နှိမ့်ချခဲ့ဖူးတယ်...။

တခါတခါ
စကားတွေ ပြင်းထန်
အမြင်မမှန်တဲ့ အခါမျိုးမှာ
ကဗျာဆန်ဆန်စကားတွေနဲ့
အပြန်အလှန် ဖြေသိမ့်
အတ္တတွေ ချိုးနှိမ်ပြီး
မေတ္တာတွေ ယိုစိမ့်ခဲ့ကြဖူးတယ်...။

သူ့မျက်နှာကို မမြင်ခါနေ့မျိုးမှာ
အကြင်နာတွေ တိုးလို့သာ
ရေတွက်ကာ လက်ချိုးပြီး
ခံစားချက်တွေ မျိုသိပ်
လွမ်းစိတ်ကို ဖြေသိပ်ခဲ့ဖူးတယ်...။

ဒီလိုနဲ့
တဦးနဲ့တဦး
တယောက်ကိုတယောက် လက်ချင်းယှက်လို့
ပျော်ရွှင်စွာ လျှောက်လှမ်းရင်း
ဘ၀ရဲ့ ခရီးလမ်းမှာ
အေးအတူ ပူအမျှ  ခံစား
ဘ၀ရဲ့လောကဓံ တရားဆိုတာလည်း
တို့နှစ်ဦးရဲ့ သစ္စာတွေနဲ့
ယုံကြည်စွာ ကျော်လွှားခဲ့ဖူးတယ်...။

ချစ်သူရေ
ငါတို့က တယောက်ကို တယောက်
မေတ္တာစစ်တွေနဲ့ ချစ်ခဲ့ကြတာမို့
ဝေးကွာခြင်း ဆိုတာ အနိစ္စ
လက်တွေ့မှာဆို ဝေးစွ
အတွေးမှာပင် မဝေးခဲ့ ကြတာမို့
ယုံကြည်မှု့တွေ မယိုင်လဲ
နားလည်မှု့ကို ခိုင်မြဲရင်း
တို့တတွေ တသက်လုံးလက်တွဲကြမယ်နော်....။




ငဖြိုး

















5 comments:

  1. မင်းကဗျာကောင်တယ်..သူငယ်ချင်းတစ်ကယ်ချစ်ရင်အခံစားရခက်တာ
    ငါ့တို့သစ္စာရှိတဲ့ချစ်တတ်သူတွေအတွက်လား..
    သစ္စာမရှိတဲ့..အချစ်ကိုကစားတတ်သူတွေအတွက်ကတော့နောင်တတွေလိုက်လာမှာပါကွာသူငယ်ချင်းရေး..http://www.facebook.com/aungmin.thu.79?ref=tn_tnmငါဖေဘွတ်ပါသူငယ်ချင်းမင်းအပ်လို့ရပါတယ်..တိုင်ပင်လို့ရပါတယ်..
    မိန်းမတွေကသူတို့ကိုချစ်လို့အလိုလိုက်မှန်းသိရင်...ယောက်တတ်တယ်ကွ
    သစ္စာမရှိတဲ့သူတစ်ယောက်ငါ့အသည်ကိုခွဲ့ဘူးပါတယ်...
    အရမ်းခံစားရပါတယ်.သူငယ်ချင်းရေ..
    သူတို့လဲတစ်နေ့တစ်ချိန်ချိန်ကျရင်ဝဋ်ဆိုတာနောက်ကျောကိုဓားနဲ့ထိုးသလို
    ကောက်ကောက်လိုနေမှာပါ...သူငယ်ချင်း

    ReplyDelete
  2. Civil Law Assignment Help will take care of your concern and make your institute and life of school-going great. With our best civil law assignment help solution, you can thrive in your class and get high grades without being strained as well as overburdened.

    ReplyDelete
  3. တောသားလေး(ကျောင်းကုန်း): ကျနော်တို့နှစ်ယောက် >>>>> Download Now

    >>>>> Download Full

    တောသားလေး(ကျောင်းကုန်း): ကျနော်တို့နှစ်ယောက် >>>>> Download LINK

    >>>>> Download Now

    တောသားလေး(ကျောင်းကုန်း): ကျနော်တို့နှစ်ယောက် >>>>> Download Full

    >>>>> Download LINK dX

    ReplyDelete
  4. I value the content you provide on your website because it's so pertinent and relevant tasued part-time weekend forms

    ReplyDelete