" ♥♥♥ ကျနော်နဲ့ ရောက်တက်ရာရာ အတွေးများ ♥♥♥"
ကိုယ့်နှုတ်ခမ်းတစုံကို ဖွဖွ လေးကိုက်ထားနိုင်တဲ့အချိန်က ဘ၀ကိုကြည်နူးစွာကြည့်နေတဲ့အချိန်ပါ...... ကျနော် အတွက် တော့ သူမရယ်မော နေတဲ့အချိန်က အပျော်ရွှင်ဆုံးပါဘဲ.....
စွန့်လွှတ်ရတာတွေ များလာတော့ လဲ ပိုင်ဆိုင်ရမှာကိုတောင် အလိုလို ကြောက်မိ လာပြီ.. သူမနဲ့ပတ်သတ်ပြီး တခါတခါ ကိုယ့်ကိုယ်ကို ပြန်သုံးသပ်ကြည့်မိတော့ အချစ်ကြီးချစ်ပြီး ချစ်ရှုံးသမား ဖြစ်ခဲ့ရတဲ့ ရာဇ၀င်ထဲက မင်းဒဿ နေရာကို လုဖို့ ကြိုးစားနေသလိုပါပဲ....
ကောင်မလေးရေ... အထီးကျန်ခြင်းတွေ ၊ လွမ်းဆွတ်ခြင်းဆိုတာတွေက မင်းနဲ့တွေ့ပြီးမှ ငါရရှိခဲ့တဲ့အရာတွေ ပေါ့.....
ဘယ်သူတွေ ဘယ်လိုပြောပြောဗျာ..!!! ကျနော်မှာ သူမအတွက် ရွယ်ချယ်စရာလမ်း နှစ်ခုဘဲရှိတယ်... (1)သူမကို အရမ်းချစ်တယ် ၊(2)ဒီထက်ပိုသော ချစ်ခြင်းတွေ နဲ့ချစ်တယ်......
ကျနော်ရဲ့ ဘောပင်(ဖောင်တိန်) တချောင်းနဲ့ စာရွက်တရွက်တို့ ဆုံမိတိုင်း ပထဆုံးရေးမိတာက သူမနာမည်ပါ...
ဖြစ်နိုင်ရင် အလုပ်(၂) ခုလုပ်နေတဲ့ ကျနော် နှလုံးသားကို အပြစ်ပေးချင်တယ်....။ ကျနော်နှလုံးသားက အချစ်တွေကိုလည်း ခံစား သလို အလွမ်းတွေကိုလည်း သယ်ဆောင်လာတယ်လေ........
ကျနော် သူမ ကို ပေးဆပ်နိုင်တာတွေ အားလုံးပေးဆပ်ထားပါတယ်..... တခုကလွှဲလို့ပေါ့....။ ကျနော် သူမအတွက်နဲ့ ရူးးမတတ် ခံစားနေရတာတွေကိုတော့ တိမ်ချန်ထားပါရစေ...
သူမကို ကျနော် ဘယ်လောက် ချစ်တယ် ဆိုတာ ကျနော် ဖွဲ့ဆိုမပြတတ်ပေမယ့်....ညနေတိုင်း အောက်ချင်းငှက် လေးတွေက ကျနော် ကို အလေးလာပြုတယ်.. သူတို့တွေထက် ကျနော် က ပိုချစ်တတ်လို့တဲ့.....
ကျနော် အကြောက်ဆုံးအရာ တခုရှိတယ်... ကျနော်ရင်ထဲကို သူမမျက်စိလည်ပြီး ၀င်ကြည့်မိတဲ့အချိန်မှာ သူမပေးခဲ့ဒဏ်ရာဗလပွနဲ့ မျော့မျော့လေးကျန်နေခဲ့တဲ့ ဘယ်ဘက်ပုခုံးအောက်က နှလုံးသား တခုကို သူမ မြင်သွားမှာကိုပဲ.....။
ဖြစ်နိုင်ခဲ့မယ်ဆိုရင် သူမအမြဲတမ်း ကြည့်နေတဲ့ ပြဒါးသုတ်ထားတဲ့ မှန်လေး တချပ်ဖြစ်ချင်ပါတယ်...အဲဒီမှန်လေးက သူမကို ဘယ်လို ၀တ်ဆင်ရင်လှတယ် မလှဘုးဆို တာ အမြဲတမ်းပြောပြနေလို့လေ......

ငဖြိုး...
No comments:
Post a Comment