Thursday, March 1, 2012

Software Engineering အကြောင်း



ယနေ့ ခေတ်မှာ အိုင်တီ နည်းပညာဟာ နယ်ပယ်ရပ်အသီးသီးကို မရှိမဖြစ်ပံ့ပိုး ကူညီပေးနေ တဲ့ နည်းပညာရပ် တခုဆိုတာ မည်သူမှ မငြင်းနိုင်တော့ ပါဘူး။ ဒါကိုလည်းလက်ခံယုံကြည်လာကျပြီဖြစ်ပါတယ်။ အိုင်တီနည်းပညာ ရဲ့ ဖွံဖြိုးတိုတက်မှု အရှိန်ဟာ အရမ်းကိုမြန်ဆန် လွန်းပြီ လူသားတွေ ကိုလည်း အစစအရာရာကို လွယ်ကူ သက်သာ စေဖို့ အတွက် ကူညီ လာနေပါပြီ။ လူငယ်အတော် များများဟာ လည်းအိုင်တီ ကို စိတ်ဝင်စား မှုများလာ သလို လေ့လာ မှုများလာကျပါတယ်။

Software Engineering ဆိုတာ ဘာလဲ ? ပြီးတော့ Software Engineering နဲ့  ကွန်ပျုတာ Science နဲ့ ဘာကွာလဲ။။
 Computer သိပ္ပံဆိုတဲ့ ဘာသာရပ် ကြီးရဲ့ အောက်မှာ Network Engineering, Software Engineering , Database Management System Administration စတဲ့ဘာသာရပ်တွေ ရှိပါတယ်.ကွန်ပျုတာ သိပ္ပံကိုလေ့လာမယ် ဆိုရင် တော့ အဆိုပါဘာသာရပ် များ အားလုံးကိုအခြေပြု theory and fundamentals ကိုလေ့လာရမှာဖြစ်ပြီး academic education ဆန်ပါတယ်။ Software Engineering ဟာ Computer Science အောက်က ဘာသာရပ် တခုဖြစ်ပြီး Developing လုပ်ငန်းတွေကို လက်တွေ့ ပိုင်းအားဖြင့်အများစုလေ့လာ ကျရပါတယ်။


ဒီလို လက်တွေ့ လုပ်ရာမှာ delivering useful software များကို အသုံးပြုပြီးတော့ လက်တွေ့ ပိုင်းပိုဆန် ပါတယ်။ Delivering useful software ဆိုတာ ကတော့ application တခုရဖို့ အသုံးပြုရတဲ့ OS ဒါမှ မဟုတ် အဲ application တခုရဖို့ အသုံးပြုရတဲ့ ဆော့ဝဲလ်ပါ။။ ဥပမာအားဖြင့် Java language software နဲ့ application တခုရေး သလိုပေါ့ အဲလိုမျိုးပါပဲ Java ဟာ Delivering useful software ပဲပေါ့.။ SE တရောက်ဟာ Computer Science ရဲ့  theory ပိုင်းဆိုင်ရာ ဗဟုသုတများလည်းရှိထားရမှာပါ။ Electrical Engineer တယောက် ဟာ Physics ဘာသာရပ်ရဲ့ concept ကိုသိရမှာဖြစ်သလိုပေါ့။။ SE ဟာ Computer Science ရဲ့ အောက်က ဘာသာရပ်တခုဖြစ်တယ်လို့ နားလည်ထားလို့ ရပါတယ်။