Sunday, January 22, 2012

Computer ကို auto ပွင့်အောင်လုပ်နည်း---



 မိမိကွန်ပျူတာ ကို မိမိ ကြိုက်တဲ့ အချိန်  ကြိုက်တဲ့ ရက်စွဲ အတိအကျ ပွင့်အောင် လုပ်လို့ ရပါတယ်။ လုပ်နည်း ကတော့ အရင်ဆုံး ကွန်ပျူတာ ကိုဖွင့်ပါ။ Del key ကိုနှိပ် ထားပါ။ BIOS ထဲကိုဝင်တာဖြစ် ပါတယ်။  Tab key လေးနဲ့ Power ဆိုတာ ကို ရွေးပါ ။ အဲဒီအောက် မှာ  APM Configuration ကိုရွေးပါ။ Enter ခေါက်ပါ။  Restore on AC  Power Loss ကို [ Enabled ] ပေးပါ။ ဒီနေရာ မှာသတိထား ရမှာက [ Enabled ] ပြောင်းတဲ့ အခါမှာ Keyboard ကနေ (+)key နဲ့  (-)key  နှိပ်ပြီးတော့ ပြောင်း ရပါတယ်။ ပြီးအောက် ကိုထပ်ဆင်းပါ။ Power on By RTC Alarm ကို [Enabled] ပေးပါ။  ပြီးရင် RTC Alarm Date  မှာ မိမိ ကြိုက် သလိုပြောင်းနိုင် ပါတယ်။ နေ့တိုင်း ဆိုရင် Everyday ပေးပါ။ ရက်စွဲ အတိအကျ ထားချင်ရင်တော့  ရက်ကို အတိအကျ သတ်မှတ်ပေးပါ။

Window 7 အတတ် နှေး၇င်---




ဒီနည်းလေးက မသိသေးသော သူများ အတွက်ပါ။  windows တက်လာ တာနှေးလို့ တခြား နည်းတွေ သုံးကြည့်လို့ အဆင် မပြေရင် ဒီနည်းလေး ကိုသုံးကြည့်ပါ။ လုပ်နည်း ကတော့ Desktop ပေါ်က  my computer ကို right click ထောက်ပြီး properties ကိုသွားပါ။ အဲဒီကမှတဆင့် Advanced system settings ကို သွားပါ ။ System properties box ပေါ်လာ ပါလိမ့်မယ်။ အဲဒီ ကနေမှ Advanced ဆိုတဲ့ buttom လေး ကိုရွေးပါ ။ အဲဒီအောက် ကနေမှ Start up and Recovery  မှာ settings ဆိုတာ ကိုက လစ်ပေးပါ။ ပြီးရင် Time to display list of operating systems မှာ အမှန်ခြစ်လေးပေး ပါ။ မိမိ မြန်စေ လိုသော second ကို ရွေးပါ။ ပြီးရင် ok ပေးပါ...

အောက်မှာ ပုံလေးတွေနဲ့  ၇ှင်းပြထားပါတယ်-----


Run Box ထဲက lists လေးတွေကို ၇ှင်း၇အောင်--



ကျွန်တော်တို့ တစ်ခါ တစ်လေမှာ  run box ထဲမှာ ရိုက်ထားတာတွေကို တခြားသူတွေ မသိစေ ချင်ဘူး ဆိုရင် ဒီနည်းလေး ကိုသုံးလိုက်ပါ။ run box မှာ ရိုက် ထားတဲ့ အရာ အားလုံးကို ရှင်းလင်းပေးပါတယ်။ အရင် ဆုံး  Star menu ကို right click ထောက်ပါ။ ပြီးရင်  properties ကို ကလစ်ပေးပါ ။ အဲဒီမှာ Taskbar ၊ Start Menu ၊ Toobars ဆို တာတွေ့ပါလိမ့်မယ်။ အဲဒီထဲ ကနေမှ Start Menu ကိုရွေးပါ။ အဲဒီအောက် မှာ အမှန်ခြစ်ပေး ထားတဲ့  နှစ်ခုတွေ့ ပါလိမ့်မယ်။ အဲဒီ အမှန်ခြစ်လေးတွေ ကို ဖြုတ်ပေး ပါ။ ပြီးရင် Apply ပေးပါ။ OK ပေးပါ ။ 
အဲဒါတွေ လုပ်ပြီးသွား၇င်တော့ run box ထဲမှာ မည်သည့် command မှ မရှိတောပါဘူး...... 



Display Driver Stopped Responding and has Recovered Error ဖြေ၇ှင်းနည်း--


ကျွန်တော်တို့ ကွန်ပျူတာတွေကို ဒီလို(Display driver stopped responding and has recovered  ) error လေး တက်တဲ့ သူတွေ အတွက်ပါ။ သူက ညာဘက်ထောင့် နားလေး ကနေ ခဏ ခဏပေါ်လာတာ။ ကျွန်တော် လည်းစတွေ့ တုန်း က ဘာလုပ် ရမှန်းမသိ တာနဲ့ Google မှာရှာလိုက်တာ ။ ဒီနည်းလေးတွေ့လို့ပါ။ အဆင်ပြေသွားတယ် ။ မသိသေးသော သူများ အတွက်ပါ။ အဲဒီ error ကိုဖြေရှင်း ဖို့ အရင် ဆုံး run box ကနေ gpedit.msc  ဆိုတာ ကိုရိုက် ထည့်ပါ။ ပေါ်လာတဲ့ box မှာ Administrative Templates ကိုကလစ်ပေး ပါ။  အဲဒီအောက် မှာ System ဆိုတာ ကိုကလစ်ပေးပါ။ System အောက်မှာ Power Management ကိုကလစ်ပေး ပါ။ Power Management အောက်က Video and Display settings ကို ကလစ်ပေးပါ။ ပြီးရင် ညာဘက် box ထဲမှာTurn Off Display (Plugged on) ကို   double click ပေးပါ။  အဲဒီ box မှာ Enabled ကိုရွေး ပါ။ အဲဒီမှာ 1  ဆိုတာကို ပြောင်းပါ။ Apply and Ok ကို နှိပ်ပါ။ ပြီးရင် Turn Off Display(On Battery )  ကို double click ပေးပါ။ ပြီးရင် ခုနက လိုပဲ Enabled ရွေးပါ။  1 ကို  0 ပြောင်း ပါ။  Apply and  Ok နှိပ်ပါ။ ပြီးပါပြီ။ restart  ချရင် ပိုကောင်း ပါတယ်။ 
အဲလိုတွေ လုပ်ပြီးပြီ ဆို၇င်တော့ အဆင်ပြေပါပြီ....

Laptop အသုံးပြုသူများ သတိပြု၇န်---



(၁)။ မျက်နှာပြင်ညီညာသည့် နေရာတွင် Laptop computer ကို တင်ပါ။ကွန်ပျူတာ ထဲ တွင် လည်ပတ်နေ သည့် Hard disk ရှိပါ သည်။ တစ်ခါ တစ်ရံ အနည်းငယ်လှုပ်ခြင်းသည် ပြဿနာ မရှိနိုင်သော် လည်း အမြဲ တစေ လှုပ်ခါနေခြင်း ကို Hard disk က မကြိုက်ပါ။ မျက်နှာပြင် မညီသည့် နေရာတွင်တင်ပါက ကွန်ပျူတာသုံးနေစဉ် တစ်လျှောက်လုံး လှုပ်နေပါမည်။ Hard disk အသက်တိုနိုင်ပါသည်။ ကွန်ပျူတာ သုံးခါနီးတိုင်း ခြေထောက် လေးချောင်းလုံး အထိုင် ညီမညီ စစ်ပါ။ ကွန်ပျူတာ သုံးစွဲနေစဉ် မကြာခဏ မ ပြီး ရွှေ့ခြင်းကို ရှောင်ပါ။


Firefox Bookmark အားသိမ်းထားခြင်း---



ကျွန်တော်တို့ ၀င်းဒိုးအသစ်တင်တဲ့အခါ firefox ကိုအသစ်ပြန် run ရပါတယ်။ အဲဒီမှာ ဘာပြသနာဖြစ်လဲဆိုရင် အရင်က bookmark ထဲမှာ မှတ်ထားတာတွေရှိမနေတော့ပါဘူး  ။ အဲဒီကိစ္စ ကိုဖြေရှင်းဖို့ အတွက် firefox ရဲ့ bookmark ကို Export တင်ပြီးသိမ်းထားရပါမယ်။ Export ဘယ်လိုတင်မလဲဆိုရင်  Firefox ရဲ့ အပေါ်ဘားတန်းမှာ History ဆိုတာကို ကလစ်ပေးလိုက်ပါ။ Show all History ကိုရွေးပါ။ Library box တစ်ခုကျလာပါလိမ့်မယ်။ အဲဒီ Library box ရဲ့ထိပ်မှာ Input and Backup ဆိုတာကိုကလစ်ပေးပါ။ပြီးရင် Export HTML ကိုရွေးပါ ။ မိမိနှစ်သက်ရာဖိုင်ထဲမှာ save ထားပါ။ တကယ်လို့ ၀င်ဒိုးပြန်တင်ပြီလို့ firefox အသစ်မှာ bookmark အဟောင်း ကိုပြန်ထည့်မယ်ဆိုရင် ခုနက အတိုင်းအဆင့်ဆင့် သွားရပါ့မယ်။ History>>Showall History >>Input and Backup ။အဲဒါပြီး ရင် ဒီတခါ ထည့်မှာဖြစ်တဲ့ အတွက် ကျွန်တော်တို့  Import HTML  ကိုရွေး ရပါ့မယ်။  ခုနကကျွန်တော်တို့ save ထားတဲ့ HTML ဖိုင်လေး ကို ရွေးပြီး ပြန်ထည့်ပေးရပါ့မယ်။ အဲဒါဆိုရင် အဆင်ပြေ သွား ပါပြီ။ 


Gtalk Smile Software နှင့် ပုံစံလေးများ



Gtalk မှာ သူငယ်ချင်းတွေနဲ့ စကားပြော တဲ့အခါ  အောက်ပါ အတိုကောက် စာလုံးလေးတွေ တွေ့ရပါတယ် ။ ဘယ်လို ကွန်ပျူတာ မျိုးမှာပဲ တွေ့ရမလဲ ဆိုရင်တော့ smile software  run ထားတဲ့စက် မှာသာ animation လေးနဲ့ပေါ်မှာ ဖြစ်ပါတယ်။ မိမိရော သူငယ်ချင်း စက်မှာ ပါ  run ထားမယ် ဆိုရင်တော့ နှစ်ယောက်လုံး အဆင်ပြေ မှာဖြစ်တယ်။ တစ်ခါ တစ်လေ မိမိစက်မှာ run မထားဘူး။ အဲဒီ အဓိပ္ပါယ်လည်း မသိဘူးဆိုတဲ့ သူများ အတွက်ပါ။ :atb လို့ မိမိဘက် ကို သူငယ်ချင်း က ရိုက်လိုက်တယ် ။ ဆော့ဝဲက run မထားတော့ ။ စဉ်းစား တာပေါ့  ။ဘာကြီးပါ လိမ့်ဆိုပြီး  ။အဲလိုလေးတွေ မဖြစ်အောင် ပါ။ 


Gtalk အကောင့်အဟောင်းထဲ မှ သယ်ချင်းများကို Gtalk အကောင့်အသစ်ထဲ သို့ပြောင်းခြင်း



Gtalk တစ်ခု အသစ် ဖွင့်ပြီးလို့ gtalk အဟောင်း ထဲက သူငယ်ချင်း အားလုံးကို အကုန်လုံးလိုက်အပ် စရာမလိုပဲ နဲ့ invite လုပ်လို့ ရပါတယ်။  အကောင့်အသစ်ထဲကို အကောင့်ေ ဟာင်းထဲ   ကသူငယ် ချင်းတွေ  ပြန်ခေါ် တဲ့သဘောပေါ့။  အကုန်လုံး ကိုပြန် invite လုပ်မယ်ဆိုပါတော့ ။ အရင်ဆုံး gmail (အကောင့်အဟောင်း)ကိုဖွင့်ပါ။ Contacts ဆိုတာကိုရှာပါ။ တွေ့ပြီဆိုရင် ကလစ်ပေးပါ။ အပေါ်ဘား တန်းလေးမှာ Add to “ My Contacts”/  Groups / Email / more  ဆိုတာကိုတွေ့ပါလိမ့်မယ်။ အဲဒီမှာ More ကိုကလစ်ပေးပါ ။ Export ဆိုတာကိုထပ်ပြီးကလစ်ပေးပါ။ ပြီးရင် box လေး တစ်ခုကျ လာပါလိမ့်မယ်။ Export ကို ကလစ် ပေးပါ။ Excel ဖိုင်လေးဒေါင်းလော့ ကျလာပါ လိမ့်မယ်။ အဲဒီ ဖိုင်လေးကို ဒေါင်းလော့ ချပြီးမြင်သာ တဲ့နေရာ ကိုရွေ့ထားပါ။  အခုတစ်ခါ gmail (အကောင့်အသစ်) ကိုပြန်ဖွင့်ပါ။ ခုနက အကောင့်ဟောင်း မှာလုပ်ခဲ့တဲ့အတိုင်းပဲ သွားပါ။ More ကိုရောက်တဲ့အခါ  Import ဆိုတာကိုရွေးရပါ့မယ်။ Browse ကနေ ခုနကဒေါင်းလော့ချထားတဲ့ ဖိုင်လေးကို ရွေးပြီး  Import ပေးလိုက်ရင်  သူငယ်ချင်းဟောင်းတွေဆီအားလုံး ကို auto invite လုပ်ပြီးဖြစ်ပါ လိမ့်မယ်။တစ်ခုသတိပေးချင်ပါတယ်။  ဆိုင်မှာ အသုံးပြု မယ့် မိတ်ဆွေ များ ဆိုရင်  ဖိုင်ကို Import လုပ်ပြီးတာနဲ့ တခါတည်း ဖျတ်ပစ်ခဲ့ပါ။  မိမိ သူငယ် ချင်းလေးတွေ ပါသွားမှာ စိုးလို့ပါ။ အကုန်လုံးကိုပြန် အင်ဗိုက် မလုပ်ချင် ဘူး ။ ရင်းနှီးတဲ့ သူငယ် ချင်းတွေဘဲ ပြန်ထည့်ချင် တယ်ဆို ရင်တော့  Export မတင် ခင်မှာ  အောက်မှာ ရှိတဲ့ နာမည် လေးတွေရဲ့ ဘေးမှာ ရင်းနှီးတဲ့သူတွေအကောင့်ကိုပဲ အမှန်ခြစ်လေးတွေ လိုက်ခြစ်ပေးပြီးမှ Export တင်ပါ။