Thursday, March 22, 2012

♥♥♥ နင်ငါ့ကို အပြစ်မတင်ပါနဲ့♥♥♥


                                                          " ♥♥♥  နင်ငါ့ကို အပြစ်မတင်ပါနဲ့♥♥♥  "
                                       
နင့်နဲ့ အဝေးဆုံးမှာ ရှိနေတဲ့အချိန်  နင်ငါ့ကို အပြစ်မတင်ပါနဲ့
နင့်အနားမှာ ရှိနေတာကို မလိုလားဘူးထင်လို့ပါ....။

နင်နဲ့ အကြည့်ချင်ဆုံတိုင်း  ရှောင်လွှဲတတ်တဲ့ ငါကို အပြစ်မတင်ပါနဲ့
စူးရှတောက်ပတဲ့ နင်မျက်ဝန်းတစုံကို  ရင်ဆိုင်နိုင်စွမ်းမရှိသေးလို့ပါ.....။

နင့်ကိုတွေ့တိုင်း နှုတ်ဆိတ် နေတဲ့  ငါ့ကို အပြစ်မတင်ပါနဲ့
နင်ပြောနေကျ မလှပတဲ့ငါ့အကြောင်းတွေ နားထောင်နိုင်စွမ်း မရှိသေးလို့ပါ....။

Blogspot.com မှ co.cc ပြောင်းနည်း



တိုးတက်လာတဲ့ အင်တာနက်ခေတ်မှာ ဆိုရှယ်ဆိုဒ်တွေ အများကြီးပေါ်ပေါက်လာသလို ကိုယ်ပိုင် ဖန်တီး ထား တဲ့ ဘလော့ ဆိုဒ်များလဲ အများအပြားထွက်လာတာကိုတွေ့နေရပါတယ်။ စာဖတ်တာ ၀ါသနာ ပါသူများကတော့ ထိုဆိုဒ်တွေမှာ လိုက်ပြီး ဖတ်ရှုကြသလို ကိုယ်တိုင်ရေးသားတတ်သူတွေလဲ ရှိနေပါတယ်။ မိမိတို့ရဲ့ ဖန်တီးထားမှုများကို ကိုယ်ပိုင် ဆိုဒ်တစ်ခုတည်ဆောက်ပြီး ဖန်တီးလိုသူများက ပိုက်ဆံပေး စရာမလိုတဲ့ ကိုယ်ပိုင် Domain လေးတွေ ယူပြီးဖန်တီး တတ်ကြပါတယ်။ ဒါပေမဲ့ အ၇င်က www.blogspot.com  ဟာ မြန်မာနိုင်ငံက လူတွေ အတော်များများ ပုံမှန် proxy နဲ့ဝင်ကြည့် လို့မရတတ် ပါဘူး။ ကျော်ခွပြီး ၀င်တတ် မှသာ တစ်ခါတစ်ရံဝင်လို့ရတာပါ။ ဒါကြောင့် များသောအားဖြင့် မိမိဆိုဒ် ကို နေရာစုံ နိုင်ငံစုံက ဖန်တီးလို့ရအောင် co.cc domain နဲ့ ပြောင်းပြီးဖန်တီးတတ်ကြပါတယ်။ ဒါကြောင့် မိမိရဲ့ ဘလော့တွေကို domain ပြောင်းချင်သူများအတွက် (co.cc သို့) ရည်ရွယ်ပြီး ဒီပိုစ့်လေးကို တင်ပြ တာပါ။ ခုချိန်မှာတော့  ဘလော့တော်တော် များများကို  ကြည့်လို့ ၇နေပြီ ဖြစ်ပါတယ်---- ဒီအကြောင်းလေး ကို သိပြီးသား သူငယ်ချင်း တွေလည်း အများကြီးရှိပါတယ်။  တကယ်လို့ မသိသေးတဲ့သူတွေ ရှိခဲ့ရင် အထောက် အကူဖြစ်အောင် တင်ပြပေးခြင်းဖြစ်ပါ တယ် --ခင်ဗျာ။။။

အောက်မှာ ပြုလုပ်ပုံလေး အဆင့်ဆင့်ကို ဖော်ပြပေးထားပါတယ်---

! မတတ်နိုင်ခဲ့ပြီ !