
ပိတောက်ပန်းတွေတောင် ပွင့်နေပြီ။ရနံသင်းပျံ့လှပါဘိ..
ပန်းပိတောက်တို့ရယ်…. မနက်ဖြန်ဆိုရင် သင်္ကြန်အကြိုနေ့ရောက်ပြီပေါ့။ သင်္ကြန်မိုးပြေးလေးကလဲ
တဖြောက်ဖြောက်နဲ့ အလွမ်းတွေကို မြင့်တင်ပေးနေသယောင်။ခပ်မှိုင်းမှိုင်းလေးရွာနေသည့်
မိုးကို မော့ကြည့်ရင်း ကျနော့်ရင်မှာ တီးတိုးစကားဆိုလိုက်မိသည်။ မကြွေလိုက်ပါနဲ့ ဦး
ပန်းပိတောက်တို့ရယ်။ ကျနော် ခပ်ကြာကြာလေး ထိုင်လွမ်းပါရစေဦ။ဟော …ကျနော်ပြောလိုက်သည့်
စကားကို မိုးပြေးလေးကြားသွားပြီး ကျနော့်ကို သနားလို့ထင်ပါရဲ့ မိုးပြေးလေးတောင်
စဲသွားလေပြီ။ လေပြေလေးတွေလည်း ခပ် သုန်သုန်လေး တိုက်ခတ်လို့။ လေပြေ အဝှေ့မှာ
ပိတောက်ပွင့်တွေ ယိမ်းထိုးလှုပ်ရှားနေပုံက လွမ်းဆွတ်နေတဲ့ ကျနော်အတွက် အလွမ်းတွေ ပို
လာအောင် သယ်ဆောင်လာခဲ့တာလားကွယ်။