Wednesday, January 18, 2012

Upload တင်ခြင်းနှင့် Download ဆွဲခြင်း



Upload တင်တယ်ဆိုတာ မိမိဆီမှာ ရှိတဲ့ ပစ္စည်းတစ်ခုကို အင်တာနက် ပေါ်မှာရှိတဲ့ Free Uploading  ဆိုဒ်တစ်ခုကို သုံးပြီး သိမ်းထားတဲ့သဘောပါပဲ ဒီမှာ အားသာချက် တစ်ခုရှိတာက အဲ့ဒီ  Free Uploading ဆိုဒ်ပေါ်မှာ သိမ်းထားတဲ့  ပစ္စည်းကို ဘယ်သူကို မဆို ပြန်ပြီးတော့ ပေးလို့ရတာပါပဲ .. အခုကျွန်တော်တို့ လုပ်နေသလိုပေါ့ဗျာ .. Software လိုချင်တဲ့ သူတွေကတောင်းတယ် အဲ့ဒီအခါမှာ အဲ့ဒီတောင်းတဲ့သူမှမဟုတ်ပါဘူး တစ်ခြားလိုအပ်တဲ့ သူတွေကိုပါ ကျွန်တော်တို့က Uploading Site တစ်ခုပေါ်မှာ တင်ပြီးတာနဲ့ ပေးလို့ရပါတယ်.. ဒါကြောင့်အကြမ်းမျဉ်း မှတ်ထားရမှာက Uploading လုပ်တယ်ဆိုတာ မိမိတို့ဆီမှာ ရှိတာကို အင်တာနက်ပေါ်မှာ ရှိတဲ့ နေရာတစ်ခုမှာ တင်ပြီး ကိုယ်သိမ်းထားချင် လည်းထားမယ် သူများကိုပေးချင် တယ်ဆိုရင်လည်း သုံးမယ် ဆိုတာပါပဲ .. ကျွန်တော်တို့အနေနဲ့ ပိုက်ဆံပေးပြီး မသုံးနိုင်တဲ့ အတွက်  Free ရတဲ့ Uploading Site တွေကိုပဲ အသုံးပြုကြ ရတာဖြစ်ပါတယ် .. 

ကွန်ပျူတာနှင့်ဆိုင်သော အခြေခံသိထားသင့်သည့် အချက်အလက်များ


့ကျွန်တော် ဒီနေ့ မှ ဒီ ဆိုဒ်လေးကိုစပြီးလုပ်ဖြစ်တာဖြစ်ပါတယ်--ကျွန်တော်တို့ အနေနဲ့  ကွန်ပျူတာကို အသုံးပြုနေသူတိုင်း  ကွန်ပျူတာတစ်လုံးမှာ သိထားသင့်တဲ့ အချက်အလက် လေးတွေကို ဘယ်လိုသိအောင် လုပ်ရမယ်ဆိုတာကို သိထားသင့်ပါတယ် .. ကွန်ပျူတာ ကိုသုံးနေပြီ ဆိုရင်တော့ မိမိသုံးတဲ့ ကွန်ပျူတာနဲ့ ပါတ်သတ်ပြီး Processor ကဘာအမျိုးအစားလည်း ၊ RUM ကဘယ်လောက်လည်း ၊ Motherboard ကဘာအမျိုးအစားလည်း ဆိုတာတွေကို မဖြစ်မနေ သိထားသင့်ပါတယ် ..  အခုကျွန်တော်ပြောတဲ့ အချက်အလက်လေးတွေကို အလွယ်တကူ သိနိုင်ဖို့အတွက် နည်းလမ်းလေးနဲ့ သိသင့်တာလေးတွေကို ကျွန်တော်အောက်မှာ ပုံလေးတွေနဲ့ ရှင်းပြပေးထားပါတယ်..