Wednesday, January 18, 2012

Upload တင်ခြင်းနှင့် Download ဆွဲခြင်း



Upload တင်တယ်ဆိုတာ မိမိဆီမှာ ရှိတဲ့ ပစ္စည်းတစ်ခုကို အင်တာနက် ပေါ်မှာရှိတဲ့ Free Uploading  ဆိုဒ်တစ်ခုကို သုံးပြီး သိမ်းထားတဲ့သဘောပါပဲ ဒီမှာ အားသာချက် တစ်ခုရှိတာက အဲ့ဒီ  Free Uploading ဆိုဒ်ပေါ်မှာ သိမ်းထားတဲ့  ပစ္စည်းကို ဘယ်သူကို မဆို ပြန်ပြီးတော့ ပေးလို့ရတာပါပဲ .. အခုကျွန်တော်တို့ လုပ်နေသလိုပေါ့ဗျာ .. Software လိုချင်တဲ့ သူတွေကတောင်းတယ် အဲ့ဒီအခါမှာ အဲ့ဒီတောင်းတဲ့သူမှမဟုတ်ပါဘူး တစ်ခြားလိုအပ်တဲ့ သူတွေကိုပါ ကျွန်တော်တို့က Uploading Site တစ်ခုပေါ်မှာ တင်ပြီးတာနဲ့ ပေးလို့ရပါတယ်.. ဒါကြောင့်အကြမ်းမျဉ်း မှတ်ထားရမှာက Uploading လုပ်တယ်ဆိုတာ မိမိတို့ဆီမှာ ရှိတာကို အင်တာနက်ပေါ်မှာ ရှိတဲ့ နေရာတစ်ခုမှာ တင်ပြီး ကိုယ်သိမ်းထားချင် လည်းထားမယ် သူများကိုပေးချင် တယ်ဆိုရင်လည်း သုံးမယ် ဆိုတာပါပဲ .. ကျွန်တော်တို့အနေနဲ့ ပိုက်ဆံပေးပြီး မသုံးနိုင်တဲ့ အတွက်  Free ရတဲ့ Uploading Site တွေကိုပဲ အသုံးပြုကြ ရတာဖြစ်ပါတယ် .. 



Download ချတယ် ဆိုတာကတော့ အဲ့ဒီ Free Uploading ဆိုဒ်ပေါ်မှာ တင်ထားပြီး မိမိတို့ကိုပေးတဲ့ ဖိုင်တွေကို ယူတာပဲ ဖြစ်ပါတယ် .. သူများတွေက Free Uploading ဆိုဒ်ပေါ်မှာ တင်ပြီးပြန် Share ပေးတာကို မိမိတို့က Download ချပြီးပြန်ယူ တာပဲဖြစ်ပါတယ် .. ဒါဆိုရင် Upload တင်တယ် ဆိုတာကတော့ ကိုယ့်ဆီက ပစ္စည်းကို Uploading Site တွေကိုကြားခံ အဖြစ်အသုံးပြုပြီး ယူတာဖြစ်ပြီး Download ချတယ်ဆိုတာကတော့ အဲ့ဒီ Uploading Site တွေပေါ်မှာ တင်ထားတာကို မိမိတို့က ပြန်ပြီးယူတာပဲ ဖြစ်ပါတယ် .. ဒီလောက် ဆိုရင်တော့ Uploading နဲ့  Downloading ကိုကွဲကွဲပြားပြား သိသွားပြီလို့ ထင်ပါတယ် ..  


ဒီဆိုဒ်ကတော့ Upload တင်လို့ အကောင်း ဆုံးပဲဖြစ်ပါတယ် .. တင်ရတာလည်း မြန်သလို ကော်နက်ရှင် မကောင်းရင်တောင် Fail ဖြစ်တာ ရှားပါတယ်.. ဒီဆိုဒ်ကိုလည်း အများစု သုံးပြုနေတာ ကြောင့်ဖော်ပြပေး တာဖြစ်ပါတယ် .. အပေါ်မှာပြောခဲ့ သလိုပါပဲ ဒီဆိုဒ်မှာလည်း ရက် 60 အတွင်း အကောင့်မ၀င် တော့ဘူးဆိုရင် တင်ထားတဲ့ File တွေကို ဖျက်ပစ်မှာ ဖြစ်ပါတယ်.. ဒီဆိုဒ်ကတော့ Upload တစ်ခါတင်ရင် File Size အများဆုံး 1 GB အထိ တင်ခွင့်ပြုပါတယ်.. ဒီဆိုဒ်ကလည်း Data Storage Size ကတော့ Unlimited ပဲဖြစ်ပါတယ် .. ကျွန်တော် ဒီဆိုဒ်ကို ဘယ်လိုအသုံးပြုပြီး Upload တင်ရမယ် ဆိုတာကိုတော့ အောက်မှာ ပုံလေးတွေနဲ့ ရှင်းပြပေးထားပါတယ်.. 




 ( 1 )  မှာတော့ အ၇င်ဆုံး အကောင့်ဖောက်၇ပါ့မယ်..ပြီး၇င်တော့ အောက်ကပုံလေးပေါ်လာမှာဖြစ်တယ်.

 







upload တင်ပြီးတဲ့ အခါမှာတော့ ခုလို လင့်လေးတွေပေါ်လာမှာဖြစ်တယ်...အဲလင့်ကို copy ကူးလိုက်ပါ....





copy ကူးထားတဲ့ လင့်လေးကို browser မှာဖွင့်ကြည့်လိုက်ပါ ပုံမှာပြထားတဲ့ အတိုင်း ဒေါင်းလော့လင့်လေးပေါ်လာမှာဖြစ်ပါတယ်



ဒီပိုစ်လေးကို PDF ဖိုင်လေးနဲ လိုချင်တယ်ဆို၇င်တော့ အောက်က လင့်လေးမှာယူလိုက်ပါ...
 



No comments:

Post a Comment