Tuesday, February 28, 2012

Folder လေးကို name မပေါ်စေချင်၇င်



ဒီနည်းလေး ကတော့ တော်တော်များများ လဲ သိကြမှာ ဖြစ်ပါတယ်----- ဘာမှတော့ မဟုတ်ပါဘူး---  မိမိတို့  desktop  မှာ folder လေး တွေ ကို name မေ၇း ဘဲ ဒီတိုင်းလေ ပေါ်အောင် လုပ်တဲ့ နည်းလေး ပါ------


 မသိသေးတဲ့ သယ်ချင်းများအတွက် ဖြစ်ပါတယ်----

ပထမဆုံး မိမိတို့  name မေ၇းချင်တဲ့ folder လေးကို right ကလစ်  ထောက်ပြီး rename ကို သွားပါ--- ပြီး၇င် အဲမှာ Alt ကီးကို နှိပ် ထားပြီး 0160 ကိုရိုက်ပေးပါ...

ရိုက်ပြီးသွားပြီ ဆိုတာနဲ့ နှိပ်ထားတဲ့ Alt ကီးကို လွှတ်လိုက် ပါ-- အဲဆို၇င်တော့ နာမည်ပေး မထား တဲ့ folder လေး အဖြစ် မြင်တွေ့ရမှာ ဖြစ်ပါတယ်...

My Program အကြောင်းလေးပါ



What is program ?

 Program ဆိုတာက လုပ်ငန်းစဉ်တခုကိုလုပ်ဖို့ အတွက် လုပ်ဆောင်မည့်အစီစဉ်တခုပါပဲ။ ကျနော်တို့ အားလုံးဟာ နေ့ စဉ် Programming လုပ်နေကျပါတယ် ။ဒါကြောင့် ကျနော်တို့ အားလုံးဟာ Programmer တွေပါ။ ကျနော့်ရဲ့ အမေရော အဖေဟာလဲ Programmer တွေပါပဲ ။မရယ်ပါနဲ့ တကယ်ပြောတာပါ ဒါပေမယ့် ကွန်ပျုတာ ပရိုဂရမ်မာ မဟုတ်တာပဲရှိပါတယ်။ မေမေဟာ ကျနော်တို့ ကို မနက်မိုးလင်းတာနဲ့  ထမင်းဟင်းချက်ပြုတ် ဖို့ ဘာနဲ့ ဘာချက်ရင်ကောင်းမယ်ဘယ်လို ချက်မယ် Program တွေဆွဲပါတယ်။ ဖေဖေဟာလည်း ရုံးကို သွားဖို့ အတွက် အစီစဉ်တွေ ဆွဲပါတယ်။ ဥပမာဗျာ သူငယ်ချင်း အပြင်သွားမယ့် ကိစ္စတခုမှာ ဆိုရင် ဘယ်ချိန်သွားမယ် ဘာအင်္ကျီဝတ်သွားမယ် ဘာသုနဲ့ တွေမယ် စတွေကို စီစဉ်ဆောင်ရွက်ရတာပါ။ ကိုယ်လုပ်မယ့် အစီစဉ်တခုကို ကိုယ့်ရဲ့ အစီစဉ်လေးတွေနဲ့ လုပ်ဆောင်နေကျတာ ကိုယ့်ဖာသာကိုသတိမထားမိဖြစ်နေတာပါ။။ ဒါမျိုး ကိုလုပ်နေကျ program တွေကိုစနစ်တကျ နဲ့ သေချာ program အတိုင်းလိုက်နာဆောင်ရွက် မယ်ဆို သူငယ်ချင်းလိုချင်တဲ့ product ရမယ် လို့ ပြောရဲပါတယ်။။ Program တခုမှာ မမျှော်လင့်ပဲ ပြောင်းလဲ နိုင်တဲ့ အချက်တွေရှိတက် လို့ ကြိုတင်တွက် ချက်သင့်တာတွေရှိပါတယ် ။ ဥပမာ ကျနော်ပေါ့ ကျောင်းသွားတဲ့အခါ ကျောင်းက ၇း၀၀ နာရီစတင်ရင် ကျနော်က အချိန်ကိုတွက်ပြီး အတိကျလုပ်လေ့ရှိပါတယ် ။။ဒါပေမယ့် ကားမလာလို့ စောင့်ရတာနဲ့  မီးပွိုင့်မိတာ နဲ့  ကျနော်ရဲ့  ကျောင်းသွားမယ့် program လေးဟာ နှောင့်နေးကျန့် ကြာမှုတွေရှိပါတယ် . ဒီလို အတွက် ကျနော် ရဲ့  Program ထဲ ကိုထည့်သွင်းစဉ်းစားထားခဲ့မယ်ဆို ကျနော် ကျောင်းနောက်ကျမှာမဟုတ်ပါဘူး (ခုထိတော့ နောက်ကျဆဲပဲ ..အိပ်ယာထပြင်းလို့ ပါ :D ) ..

Crack, Patch နှင့် keygen အသုံးပြုနည်း


Crack, Patch နှင့် keygen တွေက ဘာအတွက် သုံးတာလဲ ဆိုတော့....  ရှင်းရှင်းပြောရရင် သူများ ရောင်းတဲ့ဟာကို အလကား ဖရီးသုံးလို့ ရအောင် လုပ်ထားတဲ့ နည်းတွေပါ။ crack, patch, keygen ကို ဘယ်လို အသုံးပြုရမည်ဆိုတာ မသိသေးတဲ့ မိတ်ဆွေများအတွက် အသုံးပြုနည်းကို မျှဝေပေးလိုက်ပါတယ်။

Crack

ဆော့ဝဲလ်တစ်ခုမှာ crack လုပ်ဖို့ ဖိုင်လေးပါလာရင် ဘယ်လို အသုံးချရ မလဲဆိုတော့ ...
အဲဒီ crack folder (0r) file လေးများကို ကော်ပီကူးပြီး ၀င်းဒိုးထဲက သက်ဆိုင်ရာ ပရိုဂရမ်ဖိုင်မှာ သွားထည့်လိုက်ရုံပါပဲ။ အဲဒီအချိန်မှာ မူရင်းဖိုင်တွေအပေါ်မှာ replace လုပ်မလားလို့ များသော အားဖြင့် မေးတတ် ပါတယ်။ အဲဒီအချိန်မှာ Yes ဆိုပြီး click နှိပ်ပေးလိုက်တာနဲ့ crack လုပ်တဲ့ ကိစ္စ ပြီးဆုံးသွားပါပြီ။ သက်ဆိုင်ရာ ဆော့ဝဲလ်ကို full version အဖြစ် အသုံးပြုနိုင်ပြီ ဖြစ်ပါတယ်။

Software အကြောင်း မှတ်စုလေး



Computer Software ဆိုတာ Software Engineer က တီထွင်ထုတ်လုပ်လိုက်တဲ့ ထုတ်ကုန်တခုပဲဖြစ်ပါတယ်။  Program နဲ့  document တို့  ၂ခုပေါင်းကိုခေါ်တာပါ ။။ ဆော့ဝဲတခုဝယ်မယ်ဆိုရင် သူနှင့်သက်ဆိုင်တဲ့ document များပါသလို Program တွေလည်းပါဝင်ပါတယ်။ ဥပမာအားဖြင့်- ကျနော်တို့ calculator တခုသွာဝယ်ရင်တောင် calculator တခုနဲ့ အတူ catalog တခုပါတာသတိထားမိကျမယ်ထင်ပါတယ်။

Software မှာ အဓိကအားဖြင့် အမျိုးစာ ၂ မျိုးခွဲခြားနိုင်ပါတယ်။

၁။ Operating System Software (OS) 
၂။ Application Software တို့ ပါပဲ။

Operating System ဆိုတာနဲ့ လူအများစုဟာ window ဆိုပြီး တန်းသိကျပါတယ်။ ဒါဟာ လူသုံးများလို့ ပါ Microsoft platform ကအောင်မြင်မှုကြောင့်ပါပဲ။ အခြား Operating system တွေလည်းရှိပါသေးတယ် Linux platform မှာဆို ( Fedora,Ubuntu..etc) တွေ Solaris and Macintosh (OS X) ။။ Operating System ကို ထပ်ပြီး ၂ မျိုးခွဲလို့ ရပါသေးတယ် ။