Tuesday, February 28, 2012

Crack, Patch နှင့် keygen အသုံးပြုနည်း


Crack, Patch နှင့် keygen တွေက ဘာအတွက် သုံးတာလဲ ဆိုတော့....  ရှင်းရှင်းပြောရရင် သူများ ရောင်းတဲ့ဟာကို အလကား ဖရီးသုံးလို့ ရအောင် လုပ်ထားတဲ့ နည်းတွေပါ။ crack, patch, keygen ကို ဘယ်လို အသုံးပြုရမည်ဆိုတာ မသိသေးတဲ့ မိတ်ဆွေများအတွက် အသုံးပြုနည်းကို မျှဝေပေးလိုက်ပါတယ်။

Crack

ဆော့ဝဲလ်တစ်ခုမှာ crack လုပ်ဖို့ ဖိုင်လေးပါလာရင် ဘယ်လို အသုံးချရ မလဲဆိုတော့ ...
အဲဒီ crack folder (0r) file လေးများကို ကော်ပီကူးပြီး ၀င်းဒိုးထဲက သက်ဆိုင်ရာ ပရိုဂရမ်ဖိုင်မှာ သွားထည့်လိုက်ရုံပါပဲ။ အဲဒီအချိန်မှာ မူရင်းဖိုင်တွေအပေါ်မှာ replace လုပ်မလားလို့ များသော အားဖြင့် မေးတတ် ပါတယ်။ အဲဒီအချိန်မှာ Yes ဆိုပြီး click နှိပ်ပေးလိုက်တာနဲ့ crack လုပ်တဲ့ ကိစ္စ ပြီးဆုံးသွားပါပြီ။ သက်ဆိုင်ရာ ဆော့ဝဲလ်ကို full version အဖြစ် အသုံးပြုနိုင်ပြီ ဖြစ်ပါတယ်။

Patch


ဆိုတဲ့ဖိုင်လေး ဆော့ဝဲလ်တစ်ခုမှာ ပါတယ်ဆိုရင် အောက်ပါအတိုင်း အသုံးပြုရပါမည်----
သူက crack နဲ့ သိပ်မကွာပါဘူး။ patch ဖိုင်လေးကို ၀င်းဒိုးတင်ထားတဲ့ သက်ဆိုင်ရာ program file လေးထဲ ထည့်ပြီး double click နှိပ်ပြီး ဖွင့်လိုက်ပါ။ ဒါဆိုရင် patch ဖိုင်ပွင့်လာပါလိမ့်မယ်။ အဲဒီ patch ဖိုင်မှာ patch (သို့) register ဆိုတဲ့ button လေးပါလာပါလိမ့်မယ်။ အဲဒါလေးကို ကလစ်လိုက်ရင် patch လုပ်လို့  ပြီးဆုံးပြီ ဖြစ်ပါ တယ်။


Keygen


များသောအားဖြင့် keygen ဆိုတဲ့ ဖိုင်လေးက လိုအပ် တဲ့ ဆော့ဝဲလ် စတင်ကတည်းက အသုံးပြုရတာ များပါတယ်။ application software စတင်တဲ့ အချိန် serial key တောင်းပါလိမ့်မယ်။ အဲဒီအချိန် keygen လေးကို double click နှိပ်ပြီး ပေါ်လာတဲ့ ကီးလ်လေးတွေကို သက်ဆိုင်ရာ နေရာမှာ ဖြည့်ပေး လိုက်ရင် ရပါတယ်။ တစ်ချို့  ဆော့ဝဲလ် တွေမှာ ကျတော့ software တင်ပြီးတဲ့ အချိန်မှ serial key ကို တောင်းတတ်ပါတယ်။ အဲဒီအချိန်မှာ သွားပြီး ဖြည့်ပေး လည်း ရပါတယ်--------  ( အဆင်ပြေပါစေ ခင်ဗျာ------ )


No comments:

Post a Comment