Tuesday, February 28, 2012

Software အကြောင်း မှတ်စုလေး



Computer Software ဆိုတာ Software Engineer က တီထွင်ထုတ်လုပ်လိုက်တဲ့ ထုတ်ကုန်တခုပဲဖြစ်ပါတယ်။  Program နဲ့  document တို့  ၂ခုပေါင်းကိုခေါ်တာပါ ။။ ဆော့ဝဲတခုဝယ်မယ်ဆိုရင် သူနှင့်သက်ဆိုင်တဲ့ document များပါသလို Program တွေလည်းပါဝင်ပါတယ်။ ဥပမာအားဖြင့်- ကျနော်တို့ calculator တခုသွာဝယ်ရင်တောင် calculator တခုနဲ့ အတူ catalog တခုပါတာသတိထားမိကျမယ်ထင်ပါတယ်။

Software မှာ အဓိကအားဖြင့် အမျိုးစာ ၂ မျိုးခွဲခြားနိုင်ပါတယ်။

၁။ Operating System Software (OS) 
၂။ Application Software တို့ ပါပဲ။

Operating System ဆိုတာနဲ့ လူအများစုဟာ window ဆိုပြီး တန်းသိကျပါတယ်။ ဒါဟာ လူသုံးများလို့ ပါ Microsoft platform ကအောင်မြင်မှုကြောင့်ပါပဲ။ အခြား Operating system တွေလည်းရှိပါသေးတယ် Linux platform မှာဆို ( Fedora,Ubuntu..etc) တွေ Solaris and Macintosh (OS X) ။။ Operating System ကို ထပ်ပြီး ၂ မျိုးခွဲလို့ ရပါသေးတယ် ။



DOS ( Desktop Operating System eg; Window XP, Window Vista , Window 7, Ubuntu ) စတာတွေပါ။  နောက်ပြီတော့
>NOS (Network Operating System eg; Window 2003 Sever စတဲ့ Network control ကိုလုပ်ဆောင်ပေးမယ့်  OS တွေပေါ့။


Application Software တွေကတော့ ကျနော်တို့ သုံးနေတဲ့ Microsoft word တို့ Excle တို့  Photoshop စတာတွေ ဟာ application software တွေပါပဲ .. ယခုနောက်ပိုင်းမှာတော့ Web application တွေဟာ Desktop application တွေရဲ့ နေရာအတော်များများကိုစိန်ခေါ်နေပါပြီ .Google ကလည်း outlook express လို mail application system တခုမလိုအပ်တဲ့အထိ သုံးလို့ ရအောင် ထုတ်လုပ်လာခဲ့ပါတယ် နောက်ပိုင်းမှာ web application တွေနေရာယူလာပါလိမ့်မယ် graphic အရမ်းသုံးရတဲ့ photo editing လိုမျိုး Game အကြီးစာ software တွေသာ ကျန်ခဲ့ ဖို့ ရှိပြီး အတော်အသင့်ကွန်နက်ရှင်ပေါ်မှာ သုံးလို့ ရတာတွေ web ပေါ်မှာပဲ သုံးကျတော့မှာပါ။ အကျိုးမြတ်ကတော့ ကိုယ့်ဆီ မှာ browser တခုရှိယုံမျှနှင့် သင် web application တွေကိုသုံးနိုင်ပြီမဟုတ်လား ။။ အခြား application တွေလို hard ware တွေ စဉ်းစားရတာ installation အတွက် OS type တွေကိုစဉ်းစားရတာမလိုတော့ဘူးလေ ။ window မှာသုံးတာ Linux မှာ မ run တာတွေ တွေးနေ ဖို့ ကိုမလိုတော့ဘူးပေါ့ ။

Software တွေကိုအကြမ်းအားဖြင့် role ခွဲမယ် ဆို ၂ ခုခွဲလို့ ရပါတယ် Dual Role ပေါ့..
1. As a Product
2. As a vehicle used to deliver the product ဆိုပြီးတော့ပေါ့

As a Product ဆိုတာမျိုးက ကျနော်တို့  language တခုခုနဲ့ ရေးပြီး ရလာတဲ့ software ပေါ့ ကျနော်တို့ လိုချင်တဲ့ Product software ပေါ့။

As a vehicle used to deliver the product ဆိုတာက ကျနော်တို့ လိုချင်တဲ့ software ကို၇ဖို့ အသုံးပြုရတာတွေရှိတယ်လေ ဘယ် Operating System software( windows platform မှာရေးမလား Linux platform မှာရေးမလားပေါ့ ) ပေါ်မှာ ဘာ language (Java နဲ့ လား C#.net နဲ့ လားပေါ့ ) နဲ့ ရေးမလားပေါ့။

နောက်ပြီး ဆော့ဝဲလ်တွေရေးသားထုပ်လုပ်ရာမှာ ရည်၇ွယ်ချက် ၂ မျိုးနဲ့ ထုတ်လုပ်ကျရပါတယ်။

1. Generic products လား
2. Customized Products လားဆိုပြီး ထုတ်လုပ်ရေးသားပါတယ် ။

Generic products

ကျနော်တို့ သုံးနေတဲ့ OS တွေဟာ Generic product တွေပါ လူတိုင်းသုံးဖို့  market ကို ဖြန့် ချီ ဖို့ ရေးသားထားတာဖြစ်ပါတယ် Microsoft word လူတိုင်းသုံးဖို့  ရေးသားထားတာပါ။ ဒါကိုသုံတဲ့အတွက် customer ဟာ သူရဲ့ လုပ်ငန်းစဉ်မှာ ဒီဆော့ဝဲ ဟာသူ့ ရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီချင်မှ ကိုက်ညီမယ် ။။ သုံးလို့ တော့အဆင်ပြေနေမယ် သူရဲ့ လုပ်ငန်းအတွက် သီးသန့် ရေးထားတာမဟုတ်ပဲ အများသုံးလို့ ရအောင် အဆင်ပြေအောင်ေ၇းသားထားပေးတဲ့ software ဖြစ်တဲ့အတွက် လူတိုင်းနဲ့ တော့မကိုက်ညီနိုင်ပါဘူး ဒါပေမယ့်လူ တိုင်းတော့သုံးလို့ ရပါတယ်။

Customized Software ဆိုတာကတော့ အထက်ကပြောသလိုပေါ့ Customer ဟာ သူ့ လုပ်ငန်းမှာ MS word လို Excel လို အများသုံးအတွက်မကိုက်ညီတဲ့အခါ သူလုပ်ငန်း အတွက် သီးသန့် လိုအပ်တဲ့ Software မျိုးသီးသန့် လိုအပ်လာပါပြီ ။ ဥပမာ City mart လို နေရာမျိုးမှာ သူတို့ ရဲ့ လုပ်ငန်းကို MS word , Excel နဲ့ အစဉ်ပြေဖို့ မရှိတဲ့အတွက် သူတို့ ဟာ သူတို့ လုပ်ငန်းအတွက် သီးသန့် software တွေသုံးကျပါတယ် ။ ဒီလို သီးသန့် Customer လိုအပ်ချက်ကိုလိုက်ပြီး particular customer သီးသန့် ရေးသားပေး ရတာမျိုးကို Customized Software တွေဆိုပြီး ဆိုနိုင်ပါတယ်။။

 https://yepaingphyo.wordpress.com မှ ပြန်လည် မျှဝေ ပေး ထား တာပါ--


No comments:

Post a Comment