Friday, February 24, 2012

Mozilla Firefox 11.0 beta 4



ဒီကောင်လေး ကတော့  Mozilla Firefox 11.0 beta 4 လေးပါ -- နောက်ဆုံး ထွက်လာတဲ့ update လေး ဖြစ်ပါ
တယ် -- update လေး တွေကို သုံးချင်ကြတဲ့ သယ်ချင်းများ အတွက် အသစ်အသစ်တွေ ထွက်လာတိုင်း ထပ်ပြီး
တင်ပေးပါ့မယ် ခင်ဗျာ--- ဖိုင်ဆိုဒ်လေးကတော့ 16.0 MB ၇ှိပါတယ်---

လိုချင်တဲ့ သူများ အောက်က download လင့်လေး ကနေယူသွားလိုက်ပါ----



Password တွေကို hack လို့ မ၇အောင်လုပ်တဲ့နည်း



ကျွန်တော်ခု ဖော်ပြပေးလိုက်တဲ့ နည်းလေးကတော့ မိမိတို့  password လေးတွေ ပါမသွားအောင် လုပ်တဲ့ နည်းလေး  ဖြစ်ပါ တယ်----- အင်တာနက်ဆိုင်တွေမှာ  သုံးတဲ့ သယ်ချင်းများအတွက် ပိုပြီး အသုံးဝင်ပါတယ်--- ခဏခဏ အကောင့်တွေ ပါပါသွားတယ်လို့ ကြားရတဲ့ အတွက်  ကာကွယ်တဲ့နည်းလမ်းလေးကို  ၇ှာဖွေ ပြီး တင်ပေးလိုက်တယ်။ ကျွန်တော် ဘယ်ဆိုဒ်ထဲ ကနေ၇ှာထားမှန်း မသိတော့တဲ့ အတွက် မျှဝေလိုက်တဲ့  မူ၇င်းဆိုဒ်လေး ကို ပြန်လည်ဖော်ပြ မပေးထားပါဘူး--- အဲအတွက် လဲ တောင်းပန် ပါတယ် ခင်ဗျာ---- လုပ်နည်းလေး ကတော့ လွယ်လွယ်လေးပါ-----

ဘာမှ ပြင်ဆင်စရာမလိုပါဘူး.. ဘယ်နေရာသွားသွား.. စက်ထဲမှာရှိတဲ့  နဂိုထဲကပါလာတဲ့ software နဲ့တင် အဆင်ပြေလို့  စမ်းကြည့်စေ ချင်ပါတယ်.--- 

ပထမဆုံး---

Run Box ကိုဖွင့်ပါ..---- ( windows key နဲ့ R ကို တွဲနှိပ်ရပါတယ် )
ပြီးရင်.. osk လို့ရိုက်ထည့်ပါ----- အဲဒီအခါကျရင်.. screen ပေါ်မှာ keyboard လေး ပေါ်လာပါလိမ့်မယ်---- အဲဒီ keyboard ကို mouse နဲ့  သုံးပြီး.. ကိုယ်အသုံးပြုမယ့် အကောင့်တွေ၇ဲ့ ( user name , password )ကိုရိုက်ထည့်ပါ.. ဘယ် key logger software နဲ့မှ ဖမ်းလို့မရ ပါဘူး------- အဆင်ပြေပါစေ---ခင်ဗျာ။။


အင်တာနက် သုံးခြင်းဖြင့် ဘာတွေ အကျိုးကျေးဇူး၇၇ှိစေမည်နည်း။။



ကွန်ယက်အဖွဲ့အစည်းတစ်ခုနှင့် ဆက်သွယ်ခြင်းဖြင့် အရာအား လုံးပြီးပြည့်စုံသွားပြီလို့ ဆိုနိုင်ပါတယ်။ သင်အလုပ် အကိုင် ရှာနေပါ သလား၊ လုပ်ငန်းအသစ်တစ်ခု တည်ထောင်ချင်ပါသလား၊ ဆက်သွယ်ရေး နယ်ပယ်ချဲ့ထွင်ချင်ပါသလား၊ အလုပ်ရုံတွင် လူတော် တစ်ယောက်ဖြစ်လို ပါသလား။ ထိုအရာအားလုံးကို ကွန်ယက် အဖွဲ့အစည်း တစ်ခုထဲ၌ပင် ရရှိနိုင်ပါသည်။ 

သင့်ကို အပြန်အလှန်ဆွေးနွေးပေးမည့်သူ (သို့) သင်ပြော သမျှကို လက်ခံ နားထောင်ပေး မည့်သူများအား ရွေးချယ်နိုင်သည်။ ထိုအဖွဲ့အစည်း၌ ပုံမှန်တက်ရောက်ခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် အတွေ့အကြုံ အစစ်အမှန်ကို ရရှိမည်ဖြစ်သည်။

သင့်ဆန္ဒနှင့် ကိုက်ညီမည့် အဖွဲ့အစည်း တစ်ခုကို ရွေးချယ်လိုက် လျှင်လိုက်ခြင်း ထိုအဖွဲ့အစည်းတွင် ကိုယ့်သဘောနှင့် ကိုယ် ပူးပေါင်း ဆောင်ရွက်ခြင်းဖြင့် သင်၏အသိဥာဏ်ကို တိုးတက်စေ ပါတယ်။ အလုပ်အကိုင်အတိုင်ပင်ခံကုမ္ပဏီတစ်ခုဖြစ်သော The Jennings Company ၏အကြီးအကဲ Kathleen Jenning က ‘ကွန်ယက်ဆက်သွယ်ရေးသည် သင်သိသောအရာမဟုတ်၊ သင့်ကိုသာ သိသောအရာဖြစ်သည်’ ဟုဆိုသည်။ အလုပ်အကိုင်ကွန်ယက်များဖြင့် ဆက်သွယ်နိုင်ခြင်း၊ လုပ်ငန်းနယ်ပယ်အသီးသီးတွင် ကျွမ်းကျင် သူများ၏ မိန့်ခွန်းပြောကြား ချက်များအား နားဆင်နိုင်ခြင်း၊ အလုပ်အကိုင်များတွေ့ရှိနိုင်ခြင်း (သို့) သင်လိုချင်သော ကုမ္ပဏီမှ သင့်အား အလုပ်ခန့်အပ်လိုက်ခြင်း စသော အကျိုးကျေးဇူး များစွာရရှိပါသည်။ 


U Torrent speed ကို မြန်အောင်လုပ်နည်း



torrent download လေးကိုတော့ တော်တော်များများတော့ မသိကြပါဘူး--  ဒီကောင်လေးက ပုံမှန်ဆို၇င်တော့ ဂိမ်းလေးတွေ ကို ဒေါင်းတဲ့ အချိန်မှ သုံးတာ များပါတယ်--- သုံးတဲ့ သူတွေအတွက် download speed မြန်အောင်လုပ်နည်းလေး ကို ဖော်ပြပေး လိုက်ပါတယ်--

မိမိ တို့  အသုံးပြုတဲ့ torrent download လေးကို နှေးတယ် ထင်ပြီး မြန်စေချင်တဲ့ သူများ အတွက် မြန်အောင် လုပ်တဲ့ နည်းလေး ဖြစ်ပါတယ်---- 

လုပ်ပုံလုပ်နည်းလေးကို အောက်မှာ ပုံလေး နဲ့ ၇ှင်းပြပေးထားပါတယ်---

ပထမဆုံး torrent လေးကို ဖွင့်လိုက်ပါ---ပြီး၇င် options ကနေ preferences  ကိုသွားလိုက်ပါ--