PC ကွန်ပျူတာ တစ်လုံးကို ရွေးချယ်တပ်ဆင်ဖို့အတွက် အကြောင်း နှစ်ချက်အပေါ် မူတည် စဉ်းစားပါတယ်။
၁။ ဘာအတွက် သုံးစွဲမှာလဲ ? ၂။ ငွေဘယ်လောက် အကုန်ခံမလဲ ?
မိမိအသုံးပြုလိုတဲ့
ကွန်ပျူတာအမျိုးအစားပေါ် မူတည်ပြီး တပ်ဆင်မည့် Hardware တွေကို
ရွေးချယ်ရတာဖြစ်ပါတယ်။ (ဥပမာ – ဗီဒီယို လုပ်ငန်းအတွက် အသုံးပြုမယ်ဆိုရင်
Graphic ပိုင်းကို ဦးစားပေးပြီး၊ သူနဲ့ လိုက်ဖက်မည့် RAM, CPU တို့ကို
ရွေးချယ်ရပါတယ်။) တပ်ဆင်ထားတဲ့ Hardware များက အသုံးပြုမည့် Software
များရဲ့ လိုအပ်ချက်ထက် သာလွန်နေမှသာ အဆင်ပြေပါလိမ့်မယ်။ Game တစ်ခု ဆော့မယ်
ဆိုပါစို့။ အဲဒီဂိမ်းအတွက် 3.0GHz CPU, 2Gb RAM နဲ့ 256Mb VGA တို့
အနည်းဆုံး လိုအပ်တယ်လို့ တောင်းဆိုခဲ့ရင် သူ့ထက် ပိုသာတဲ့ Hardware မိမိမှာ
ရှိထားမှသာ အသုံးပြုရ အဆင်ပြေမှာပါ။ ဘာဖြစ်လို့လဲဆိုတော့ ဒီဂိမ်းကို
ကစားနေစဉ်အတွင်းမှာ အခြား အသုံးပြုမှု အားလုံး ပိတ်ထားခဲ့မယ်ဆိုရင်တောင် OS
တစ်ခုနဲ့ Anti-Virus ကဲ့သို့သော software များကို တစ်ပြိုင်တည်း
အသုံးပြုနေရဦးမှာ ဖြစ်လို့ပါပဲ။ Hardware ကို
တိုးမြှင့်သုံးစွဲသည်နှင့်အမျှ အသုံးပြုရသော ငွေလည်း များပြားလာမှာပါ။
အဲဒီအတွက် မိမိသုံးချင်သလောက်နဲ့ ငွေသုံးနိုင်သလောက်ကို မျှတအောင်
ချင့်ချိန် ရွေးချယ်ရမှာဖြစ်ပါတယ်။