Sunday, July 1, 2012

မိန်းကလေးများ သိထားသင့်သော အချက် (၁၀) ချက်

  မိန်းကလေးများ သိထားသင့်သော အချက် (၁၀) ချက်
♥ရုပ်လှနေဖို့ မလိုပါဘူး
နှလုံးသားလှနေဖို့ပဲ လိုပါတယ်...။

♥ငွေကြေးချမ်းသာဖို့ မလိုပါဘူး
အကျင့်သိက္ခာ  မဆင်းရဲဖို့ပဲလိုပါတယ်...။

♥ပညာတတ်ကြီး ဖြစ်ဖို့ မလိုပါဘူး
ပညာ မမဲ့ဖို့ပဲလိုပါတယ်...။


♥ချွေတာတတ်ဖို့ မလိုပါဘူး
သုံးစွဲတတ်ဖို့ပဲ လိုပါတယ်...။

♥လူတိုင်းကို ချစ်တတ်ဖို့မလိုပါဘူး
လူတိုင်းကို ကြင်နာတတ်ဖို့ပဲလိုပါတယ်...။

♥စကားပြော ကောင်းဖို့မလိုပါဘူး
စကားပြော တတ်ဖို့ပဲလိုပါတယ်...။

♥ခေတ်ဆန်လွန်း စရာမလိုပါဘူး..
ခေတ်နဲ့လိုက်လျော ညီထွေတတ်ဖို့ပဲ လိုပါတယ်...။

♥အိမ်ရှင်မကောင်းတစ်ယောက်  ဖြစ်ဖို့မလိုပါဘူး
ဘ၀ဖော်ကောင်း တစ်ယောက် ဖြစ်ဖို့လိုပါတယ်...။



♥အချစ်ကြီး ချစ်ဖို့မလိုပါဘူး
သဘောထားကြီးပြီး နားလည်မှု့ရှိဖို့ပဲလိုပါတယ်...။

♥နေရာတကာ အလျော့ပေးဖို့ မလိုပါဘူး
ကြည်ဖြူစွာ ခွင့်လွှတ်တတ်တဲ့ စိတ်ထားလေး ရှိဖို့ပဲ လိုပါတယ်.....။











                                                                                         ငဖြိုး