Tuesday, February 28, 2012

My Program အကြောင်းလေးပါ



What is program ?

 Program ဆိုတာက လုပ်ငန်းစဉ်တခုကိုလုပ်ဖို့ အတွက် လုပ်ဆောင်မည့်အစီစဉ်တခုပါပဲ။ ကျနော်တို့ အားလုံးဟာ နေ့ စဉ် Programming လုပ်နေကျပါတယ် ။ဒါကြောင့် ကျနော်တို့ အားလုံးဟာ Programmer တွေပါ။ ကျနော့်ရဲ့ အမေရော အဖေဟာလဲ Programmer တွေပါပဲ ။မရယ်ပါနဲ့ တကယ်ပြောတာပါ ဒါပေမယ့် ကွန်ပျုတာ ပရိုဂရမ်မာ မဟုတ်တာပဲရှိပါတယ်။ မေမေဟာ ကျနော်တို့ ကို မနက်မိုးလင်းတာနဲ့  ထမင်းဟင်းချက်ပြုတ် ဖို့ ဘာနဲ့ ဘာချက်ရင်ကောင်းမယ်ဘယ်လို ချက်မယ် Program တွေဆွဲပါတယ်။ ဖေဖေဟာလည်း ရုံးကို သွားဖို့ အတွက် အစီစဉ်တွေ ဆွဲပါတယ်။ ဥပမာဗျာ သူငယ်ချင်း အပြင်သွားမယ့် ကိစ္စတခုမှာ ဆိုရင် ဘယ်ချိန်သွားမယ် ဘာအင်္ကျီဝတ်သွားမယ် ဘာသုနဲ့ တွေမယ် စတွေကို စီစဉ်ဆောင်ရွက်ရတာပါ။ ကိုယ်လုပ်မယ့် အစီစဉ်တခုကို ကိုယ့်ရဲ့ အစီစဉ်လေးတွေနဲ့ လုပ်ဆောင်နေကျတာ ကိုယ့်ဖာသာကိုသတိမထားမိဖြစ်နေတာပါ။။ ဒါမျိုး ကိုလုပ်နေကျ program တွေကိုစနစ်တကျ နဲ့ သေချာ program အတိုင်းလိုက်နာဆောင်ရွက် မယ်ဆို သူငယ်ချင်းလိုချင်တဲ့ product ရမယ် လို့ ပြောရဲပါတယ်။။ Program တခုမှာ မမျှော်လင့်ပဲ ပြောင်းလဲ နိုင်တဲ့ အချက်တွေရှိတက် လို့ ကြိုတင်တွက် ချက်သင့်တာတွေရှိပါတယ် ။ ဥပမာ ကျနော်ပေါ့ ကျောင်းသွားတဲ့အခါ ကျောင်းက ၇း၀၀ နာရီစတင်ရင် ကျနော်က အချိန်ကိုတွက်ပြီး အတိကျလုပ်လေ့ရှိပါတယ် ။။ဒါပေမယ့် ကားမလာလို့ စောင့်ရတာနဲ့  မီးပွိုင့်မိတာ နဲ့  ကျနော်ရဲ့  ကျောင်းသွားမယ့် program လေးဟာ နှောင့်နေးကျန့် ကြာမှုတွေရှိပါတယ် . ဒီလို အတွက် ကျနော် ရဲ့  Program ထဲ ကိုထည့်သွင်းစဉ်းစားထားခဲ့မယ်ဆို ကျနော် ကျောင်းနောက်ကျမှာမဟုတ်ပါဘူး (ခုထိတော့ နောက်ကျဆဲပဲ ..အိပ်ယာထပြင်းလို့ ပါ :D ) ..

What is a Computer Program ?

Computer Program ဆိုတာက ကျနော်ကတော့ ဒီလို ပဲ အဓိပ္ပါယ်ဖွင့်လိုက်ပါတယ် “အမိန့် စာ” လို့ .။ ကျနော်တို့ ကွန်ပျုတာရဲ့  ဗဟိုစနစ် ဖြစ်တဲ့ CPU ဟာ ကျနော်တို့ ရေးပေးလိုက်တဲ့ Program တွေကို သူကဖတ်ပြီး လုပ်ဆောင်ပါတယ်။ ဒါကြောင့် ကျနော်တို့ ခိုင်းတဲ့အတိုင်းလုပ်ဆောင်နေတာပါ ဒါကြောင့် ကျနော်က အမိန့် စာလို့  လူပိန်းနည်းနဲ့ အဓိပ္ပါယ်ဖွင့်လိုက်တာပါ။ ကျနော်တို့ ဖြစ်ချင်တဲ့ ဖြစ်ရပ်တခုကို ဘာပြီးရင် ဘာလုပ်မယ် ဘယ်လိုတွေလုပ်ဆောင်ရမယ်ဆိုတာကို စီစဉ်တကျရေးဆွဲထားတဲ့ instruction တွေစုစည်းထားတာ ဟာ program ပါပဲ။ ဥပမာ ကျနော်က program လေးတခုရေးမယ်ဆိုပါဆို ကွန်ပျုတာဟာ သူသိတာ 0 နဲ့  1 ပဲဖြစ်ပါတယ် သူဟာ ကျနော်တို့ ခိုင်းတာပဲလုပ်မှာပါ.။ ကျနော်က ၁ နဲ့ ၂ ကိုပေါင်းပါ ပြီး ရင် ရတဲ့ အဖြေကိုပြပါ လို့ ကျနော် ရေးသား လိုက်ပါတယ်။။ ဒီအမိန့် စာကို CPU ကကြည့်ပြီး သူလုပ်ဆောင် ရမယ့် excute ကိုလုပ်ဆောင်ပေးပါတယ်။။ ပြီရင် result ပြပါတယ် ။

What is a Programming Language ?

ကျနော်တို့ Program တွေရေးသား ဖို့ Programming Language တွေသုံးပါတယ်။ ဘာကြောင့်သုံးရလည်း ဆိုတော့ရှင်းပါ တယ် ကွန်ပျုတာက သူသိတာ 0 and 1 ပါ။ ကျနော်တို့ က သူကိုခိုင်းဖို့ အတွက် 0 1 တွေ မှတ်နိုင်ဖို့ မလွယ်ပါဘူး။ ဒါကြောင့်ကျနော်တို့ နဲ့ ကွန်ပျုတာ နားလည်ဖို့ ဒီထက်နဲနဲ မှတ်သားရလွယ်တဲ့ ဘာသာစကားတခုနဲ့ ဆက်သွယ်ကျတာပါ.။ ကျနော်တို့ ရေးတဲ့ နဲနဲ အဆင့်မြင့်တဲ့ language ကို ကွန်ပျုတာ တိုက်ရိုက်နားမလည်တဲ့အတွက် compiler, interpreter တွေက ဘာသာပြန်ပြီးမှ ကွန်ပျုတာနားလည်တဲ့ 0  -   1 တွေ ပေးလိုက်ပါတယ်။ ဟဲဟဲ---သဘောပေါက် သွားလောက်ပြီ ထင်ပါတယ်။။။


No comments:

Post a Comment