Sunday, January 22, 2012

Computer ကို auto ပွင့်အောင်လုပ်နည်း---



 မိမိကွန်ပျူတာ ကို မိမိ ကြိုက်တဲ့ အချိန်  ကြိုက်တဲ့ ရက်စွဲ အတိအကျ ပွင့်အောင် လုပ်လို့ ရပါတယ်။ လုပ်နည်း ကတော့ အရင်ဆုံး ကွန်ပျူတာ ကိုဖွင့်ပါ။ Del key ကိုနှိပ် ထားပါ။ BIOS ထဲကိုဝင်တာဖြစ် ပါတယ်။  Tab key လေးနဲ့ Power ဆိုတာ ကို ရွေးပါ ။ အဲဒီအောက် မှာ  APM Configuration ကိုရွေးပါ။ Enter ခေါက်ပါ။  Restore on AC  Power Loss ကို [ Enabled ] ပေးပါ။ ဒီနေရာ မှာသတိထား ရမှာက [ Enabled ] ပြောင်းတဲ့ အခါမှာ Keyboard ကနေ (+)key နဲ့  (-)key  နှိပ်ပြီးတော့ ပြောင်း ရပါတယ်။ ပြီးအောက် ကိုထပ်ဆင်းပါ။ Power on By RTC Alarm ကို [Enabled] ပေးပါ။  ပြီးရင် RTC Alarm Date  မှာ မိမိ ကြိုက် သလိုပြောင်းနိုင် ပါတယ်။ နေ့တိုင်း ဆိုရင် Everyday ပေးပါ။ ရက်စွဲ အတိအကျ ထားချင်ရင်တော့  ရက်ကို အတိအကျ သတ်မှတ်ပေးပါ။



ကျွန်တော် ကတော့  Everyday ပေးထား ပါတယ်။ ပြီးရင် AIC  Alarm Hour မှာ မိမိပွင့် လိုသော နာရီကို ပြောင်းပါ။  AIC Alarm Minute  မှာ မိမိပွင့် လိုသော မိနစ် ကိုပြောင်းပါ။ ACI Alarm Second မှာ မိမိပွင့် လိုသော စက္ကန့် ကို ရွေးပါ။ အားလုံးပြီးပြီ ဆိုရင်  F 10  ကိုနှိပ်ပါ။ OK ပေးပါ။

Motherboard အလိုက် အနည်း ငယ်ကွဲလွဲ မှုရှိပါတယ်။ တချို့ ကွန်ပျူတာတွေ မှာဆို ရင် နာရီ၊ မိနစ်၊ စက္ကန့်က တစ်ခုတည်းမှာ ပဲပေါင်းပြီးဖော်ပြ ထားပါတယ်။  တစ်ခုသတိ ထားရမှာ က ကျွန်တော် တို့က ကွန်ပျူတာ ကိုအော်တိုပွင့်စေ ချင်တာ ဖြစ်တဲ့ အတွက် သက်ဆိုင်ရာ Cable ကြိုးတွေ Power Slpply တွေကို  ဖွင့်ပေး ထားရပါ့မယ်။ လျှပ်စစ် စီးဆင်း ဖို့အတွက် ပါ။

အတိုမှတ် မယ်ဆို၇င်တော့--
 
Computer open >>
Del key >>
Power >> 
APM Configuration>>
Restore on AC  Power Loss [Enabled] >>
Power on By RTC Alarm [Enabled]>>
RTC Alarm Date  [ Everyday ] >>
AIC  Alarm Hour [hours]>>
AIC Alarm Minute [minutes]>>
ACI Alarm Second [seconds] >> 
F 10 >> Ok

1 comment:

  1. ကျနော့ ကွန်ပျူတာမှာ power ကိုရှာမတွေ့ဘူးဖြစ်နေတယ်။ ဘယ်လိုလုပ်မလဲခင်ဗျာ။ တခြားနည်းများကော ရှိသေးလားခင်ဗျာ။ ကျေးဇူးလေ့ခွင့်ရတဲ့အတွက် ကျေးဇူးတင်ပါတယ်။ နောက်လည်းများတင်နိုင်ပါစေဗျာ။

    ReplyDelete