Saturday, June 30, 2012

Honest Hacking guide book


ကျွန်တော်ခု တင်ပေးလိုက်တဲ့ စာအုပ်လေး ကတော့ honest hacker guide စာအုပ်လေး ဖြစ်ပါတယ်----- hacker ဆိုလို့  black hacking တော့ မဟုတ်ပါဘူးခင်ဗျာ---- ကွန်ပျူတာ ဆိုင်ရာနည်းပညာ များကို ထိုးထွင်းလေ့လာဖို့ အတွက် လမ်းညွန်ပေးထားတဲ့ စာအုပ်လေး ဖြစ်ပါတယ်---- နာမည်မကြီး အသုံးနည်းတဲ့ အသုံးဝင် program တွေကိုလည်း installation ထည့်သွင်းပုံမှ အစ ၇ှင်းပြပေးထားပါတယ် ခင်ဗျာ--

လိုချင်တဲ့ သယ်ချင်းများ အောက်က download လင့်လေး ကနေယူသွားလိုက်ပါ----


Friday, June 29, 2012

မေမေ...သို့ (၂)



မေမေ ....သို့ (၂)

(၁)
မေမေရေ...
လူတစ်ယောက်ကို တမ်းတမ်းတတနဲ့
အချိန်တိုင်းတွေ့ချင်နေတာ အချစ် လို့ခေါ်ရမလား
ကောင်မလေးတစ်ယောက်ရဲ့ အပြုံးလှလှလေးတွေ
နှုတ်ခမ်းတစုံမှ ထွက်ကျလာတဲ့ သံစဉ်တချို့နဲ့
ရုန်းမထွက်နိုင်တဲ့ မျက်ဝန်းတွေ အောက်မှာ
သား နှလုံးသားတွေ အလုပ်များခဲ့ဖူးတယ်
အဲဒီနေ့တွေ သားကြည်နူးခဲ့ဖူးတယ် မေမေ...။


(၂)
မေမေရေ...
အချစ်ကို ကိုးကွယ်မိတဲ့ ကျနော့် အပြစ်လား
ကျွန်းခံနေတဲ့ နှလုံးသားတွေ ကြောင့်လား
ဂုဏ်ဓနဆိုတဲ့ သူတို့ ခုံမင်တဲ့အရာတွေကြောင့်လား
ဘာမှကို မရေရာနိုင်ပါဘူးမေမေရယ်
ပြဒါး မသုတ်ထားတဲ့ မှန်တချပ်က
ကျနော်အတွက် မေတ္တာတွေ ရောင် ပြန် မဟပ်ခဲ့ပါဘူး
ရင်ထဲမှာ ဟာတာတာကြီး မေမေ....။


(၃)
မေမေရေ....
နောက်ဆုံး သား နားလည်လိုက်တာက
အချစ်ဆိုတဲ့နောက်ကွယ်မှာ
ငွေ ဆိုတာကြီးက မီးမောင်းထိုးပြနေတယ်လေ
နှလုံးသားရဲ့ လိုအပ်ချက်တွေကို
ဦးနှောက်နဲ့ ထိန်းချုပ်ရင်း
သား နေတတ်အောင် ကြိုးစားနေတယ် မေမေ...။


(၄)
မေမေရေ...
ရောက်လေရာ နေရာတိုင်းနဲ့
ခိုဝင်ခဲ့ဖူးတဲ့ အရိပ်တွေကြားမှာ
မေတ္တာတွေ လွှမ်းခြုံထားတဲ့ မေမေ့ရင်ခွင်လောက်
ဘယ်နေရာမှ မအေးမြ ခဲ့ပါဘူး
အဝေးကိုရောက်လေလေ
မေမေအရိပ်က လုံခြုံနွေးထွေမှန်းပိုသိလေလေပါ
သား  မေမေ့ဆီကိုပြန်လာချင်တယ် မေမေ...။


(၅)
မေမေရေ...
ဒီနေ့ သားတို့ မိသားစုပုံလေးကို ပြန်ကြည့်မိတယ်
ဖေဖေရယ် မေမေရယ် သားရယ် ညီမလေးရယ်
ပြန်မရတော့တဲ့ အတိတ်က အချိန်တခုရယ်ပေါ့
ပြုံးရယ်ခဲ့တဲ့ မျက်ဝန်းတွေထက်မှာ
အတောင်စုံရင် ဝေးနေရမယ်ဆိုတာ
သားတကယ်ကို မသိခဲ့ဖူး
ဖြစ်နိုင်ရင် မိသားစုတွေစုံတဲ့ ထမင်းပွဲလေး
တခါလောက်တော့ လက်ဆုံစားချင်တယ် မေမေ...။

(၆)
မေမေရေ...
တချိန်က ကျနော်တို့အိမ်လေးမှာ
ဆောင်းရက်တွေကို လည်း လွမ်းတယ်
နွေရက်တွေဆိုလည်း သတိရတယ်
ဝသန်ရာသီကိုလည်း တမ်းတမိတယ်
မငိုရဘူး မဆွေးရဘူးဆိုတဲ့ မင်းခယောက်ျားတစ်ယောက်မို့
မျက်ရည်စတို့ တိတ်ခဲ့ရရင်တောင်
တမ်းတ သတိရစိတ်တွေနဲ့ ခပ်ကြာကြာလေးတော့
လွမ်းခွင့်ပေးပါ  မေမေ...။

                        



       

                                            ငဖြိုး



Thursday, June 28, 2012

ဘ၀မှာ ဘာအရေးကြီးဆုံးလဲ (သက်တန့်ချို)

သက်တန့်ချို

အရမ်းကိုချမ်းသာတဲ့ ကုန်သည်ကြီးတစ်ဦးဆီမှာ ဇနီးလေးယောက်ရှိပါတယ် ။ ကုန်သည်ကြီးက စတုထ္ထမြောက်ဇနီးကိုအချစ်ဆုံးပဲ ဒါကြောင့်သူ့ရဲ့အဖိုးထိုက်တန်တဲ့ဝတ်ရုံကို ဆင်မြန်းစေပြီး သိမ်မွေ့နူးညံ့စွာ ပဲဆက်ဆံတယ် ။ ကုန်သည်ကြီးက ဒီ ၄ ယောက်မြောက်ဇနီးကို အရမ်းဂရုစိုက်ပြီး ဘာမှတော့မပေးဘူး ဒါပေမယ့်ပေးမယ်ဆိုရင်လည်း အကောင်းဆုံးကိုပေးလေ့ရှိတယ် ။

ကုန်သည်ကြီးဟာ တတိယမြောက်ဇနီးကိုလည်း လွန်စွာ ချစ်မြတ်နိုးတယ် ။ သူမကို ပိုင်ဆိုင်ရခြင်းအတွက်အမဲဂုဏ်ယူလေ့ရှိပြီး သူ့သူငယ်ချင်းတွေကိုလည်း တတိယမြောက်ဇနီးလေးကိုကြွားလေ့ရှိတယ် ။ ကုန်သည်ကြီးက ဒီဇနီးလေး တခြားယောင်္ကျားတွေနဲ့ ထွက်ပြေးသွားမှာကိုလည်း အရမ်းကြောက်လန့်နေခဲ့တယ် ။

ဒါ့အပြင်ကုန်သည်ကြီးဟာ ဒုတိယမြောက်ဇနီးကိုလည်း ချစ်မြတ်နိုးပါတယ် ။ သူမဟာ အရ်ကိုးစဉ်းစားတွေးခေါ်တတ်တယ် စိတ်လည်းရှည်ပြီး ကုန်သည်ကြီးရဲ့ လူယုံတစ်ယောက်လည်းဖြစ်ပါတယ် ။ ကုန်သည်ကြီးအနေနဲ့ ခက်ခဲတဲ့ပြဿနာတွေနဲ့ရင်ဆိုင်ရပြီဆိုရင် ဒုတိယဇနီးဆီကိုသွားပြီး အကူအညီတောင်းခံလေ့ရှိတယ် ။ ဒုတိယဇနီးက ကုန်သည်ကြီးကို ကူညီပြီး ပြဿနာတွေကို ကူညီဖြေရှင်းပေးလေ့ရှိတယ် ။

ကုန်သည်ကြီးရဲ့ ပထမဆုံးဇနီးကတော့ တော်ဝင်အမျိုးအနွယ်ဖြစ်ပြီး ကုန်သည်ကြီးရဲ့ ဥစ္စာဓနတွေနဲ့အိမ်ကြီးကို ထိမ်းသိမ်းစောင့်ရှောက်ရတယ် ။ ဒါပေမယ့်လည်း ကုန်သည်ကြီးက ပထမဇနီးကိုတော့မချစ်ပါဘူး ။ သူမက သူ့ကို နက်ရှိုင်းစွာ ချစ်ပေမယ့်လည်း ကုန်သည်ကြီးကတော့ အမြဲပဲ ဆူညံစွာ ကြမ်းတမ်းစွာ ဆက်ဆံလေ့ရှိတယ် ။

တစ်နေ့မှာ ကုန်သည်ကြီးနေမကောင်းဖြစ်တယ် ။ နေမကောင်းတာဟာ တဖြည်းဖြည်း အဲဒီရက်ကစလို့ ရှည်ကြာလာတယ် ။ မကြာခင်သူသေဆုံးတော့မယ်ဆိုတာကိုလည်း သူ့ကိုယ်သူသိနေခဲ့တယ် ။ ကုန်သည်ကြီးက သူ့ဘ၀သူပြန်စဉ်းစားပြီး တွေးနေတယ် ။ “ ငါ့မှာ ငါနဲ့အတူနေတဲ့ဇနီးလေးယောက်ရှိတယ် ဒါပေမယ့် ငါသေတဲ့အခါ ငါတစ်ယောက်တည်းနေရတော့မယ် ဘယ်လောက်တောင် အထီးကျန်လိုက်သလဲ !! ”

ဒါကြောင့် သူက စတုထ္ထမြောက်ဇနီးကိုမေးတယ် ။ “ ငါမင်းကိုအချစ်ဆုံးပါပဲ မင်းကို အသစ်လွင်ဆုံးအ၀တ်အစားတွေပေးဝတ်ခဲ့တယ် အထူးပဲကြင်နာဂရုစိုက်ခဲ့တယ် အခုငါ သေရတော့မယ် မင်းငါနဲ့တမလွန်ကို အတူအဖော်အဖြစ် လိုက်ခဲ့နိုင်မလား ” “ ဟင့်အင်း ” စတုထ္ထမြောက်ဇနီးက တစ်ခွန်းထဲဖြေပြီး ဘာစကားမှမပြောတော့ပဲလှည့်ထွက်သွားခဲ့တယ် ။

သူမအဖြေက ကုန်သည်ကြီးရဲ့နှလုံးသားကို ဓါးနဲ့လှီးခွဲလိုက်သလို နာကျင်ခဲ့ရတယ် ။ ၀မ်းနည်းသွားတဲ့ကုန်သည်ကြီးက တတိယဇနီးကိုမေးတယ် ။ “ ဇနီးအားလုံးထဲမှာ ငါမင်းကိုအချစ်ခဲ့ဆုံးပါပဲ အခုငါသေတော့မယ် မင်းငါနဲ့အတူ အဖော်အဖြစ်တမလွန်ကို လိုက်ခဲ့နိုင်မလား ” တတိယဇနီးကပြန်ဖြေတယ် “ ဒီမှာနေရတဲ့ဘ၀ကပိုကောင်းပါတယ် ရှင်သေသွားပြီးရင်ကျွန်မမှာ နောက်အိမ်ထောင်ပြုဖို့ရှိသေးတယ် ” အဖြေကိုကြားလိုက်ရတဲ့အခါ ကုန်သည်ကြီးရဲ့ နှလုံးသားဟာ နာကျင်သွားပြီးအေးစက်သွားတယ် ။

ပြီးတော့ ဒုတိယဇနီးကိုသူဆက်မေးတယ် ။ “ ငါအကူအညီလိုတဲ့အခါတိုင်းမင်းဆီကိုလာခဲ့တယ် မင်းဟာ အမြဲငါ့ပြဿနာတွေကိုကူညီဖြေရှင်းပေးခဲ့တယ် အခု ငါသေရတော့မယ် မင်းငါနဲ့အတူ အဖော်အဖြစ်တမလွန်ကို လိုက်ခဲ့နိုင်မလားဟင် ” “ စိတ်မကောင်းပါဘူးရှင် ဒီတစ်ကြိမ်တော့ကျွန်မရှင့်ကို မကူညီနိုင်တော့ပါဘူး အလွန်ဆုံးရှင့်ကို စိတ်အားတက်အောင်ပဲ ကျွန်မကူညီပေးနိုင်ပါ့မယ် ” အဖြေစကားက မိုးကြိုးပစ်ချလိုက်သလိုပါပဲ ကုန်သည်ကြီးဟာ တုန်လှုပ်ခြောက်ခြားသွားခဲ့တယ် ပြီးအစာရေစာလည်းမ၀င်တော့ဘူး ။

အဲဒီအချိန်မှာပဲ အသံတစ်သံထွက်လာတယ် ။ “ ကျွန်မရှင်နဲ့အတူလိုက်ခဲ့မယ် ရှင်ဘယ်ကိုသွားသွားဘာတွေပဲဖြစ်ဖြစ်ကျွန်မရှင်နဲ့လိုက်ခဲ့ပါ့မယ် ”ကုန်သည်ကြီးက လှည့်ကြည့်လိုက်တဲ့အခါ သူ့ရဲ့ပထမဆုံးဇနီးဖြစ်လို့နေတယ် ။ သူမက ကလည်းပိန်ကပ်နေတယ် အစာရေစာချို့တဲ့နေသလိုပါပဲ ။ အံသြစွာနဲ့ကုန်သည်ကြီးကပြောခဲ့တယ် ။ “ ငါအသက်ရှင်စဉ်မှာ မင်းကို ငါ ဒီထက်ပိုပြီး ဂရုစိုက်သွားတော့မယ် ”

###########################

တကယ်တော့ ကျွန်တော်တို့ ဘ၀တွေမှာ ဇနီးလေးယောက်စီရှိပါတယ် ။

၁ ။ စတုထ္ထဇနီးကတော့ ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ပါ ။ ခန္ဓာကိုယ်ကိုဘယ်လိုပဲကောင်းအောင်လှအောင် တောက်ပနေအောင်ပြုပြင်ဖန်တီးနေပေမယ့်လည်း ကျွန်တော်တို့သေဆုံးတဲ့အခါစွန့်ခွာခဲ့ရမှာပါပဲ ။

၂ ။ တတိယဇနီးကတော့ ကျွန်တော်တို့ ပိုင်ဆိုင်မှုစည်းစိမ်တွေပါ ။ ကျွန်တော်တို့သေတဲ့အခါ အဲဒီစည်းစိမ်တွေကလည်းတခြားလူတွေနဲ့အတူပါသွားလိမ့်မယ် ။

၃ ။ ဒုတိယဇနီးကတော့ ကျွန်တော်တို့မိသားစုနဲ့ သူငယ်ချင်းတွေပါ ။ ကျွန်တော်တို့ဘယ်လောက်ပဲရင်းနှီးတယ်ပြောပြော ကျွန်တော်တို့အသက်ရှင်နေစဉ်မှာပဲ ဖြစ်နိုင်ပါလိမ့်မယ် ။ သူတို့က အသက်ရှင်နေစဉ်မှာ ရဲရင့်အောင် စိတ်အားတက်ကြွအောင်ပဲဆောင်ရွက်ပေးနိုင်ပါလိမ့်မယ် ။

၎ ။ ပထမဆုံးဇနီးကတော့ ကျွန်တော်တို့ရဲ့စိတ်အတွင်းသဏ္ဍန်ပါပဲ ။ ကျွန်တော်တို့တကယ်ပိုင်ဆိုင်တဲ့အရာပေါ့ အရာဝထ္ထုပစ္စည်းစည်းစိမ်တွေ နဲ့ အာရုံငါးပါးနောက်ကျွန်တော်တို့ ကောက်ကောက်ပါအောင် လိုက်ပြီး စိတ်ရင်းသဏ္ဍန်ကို လစ်လျှူရှုထားပေမယ့်လည်း ကျွန်တော်တို့ စိတ်တွင်းသဏ္ဍာန်ကတော့ကျွန်တော်တို့နဲ့အမြဲအတူရှိနေမှာဖြစ်ပြီး ကျွန်တော်တို့ဘယ်ကိုသွားသွားဘာတွေပဲဖြစ်ဖြစ် အတူလိုက်ပါနေမှာဖြစ်ပါတယ် ။

သက်တန့်ချို

မေမေသို့...(၁)

              မေမေ ....သို့ (၁)
(၁)
မေမေရေ...
မိုးပြာရောင်ကောင်ကင်ကြီးရဲ့အောက်မှာ
ခပ်သုန်သုန်တိုက်ခတ်လာတဲ့ လေညှင်းတို့နဲ့အတူ
မေမေရှိနေရာ ပြည်မြန်မာဘက်ကိုမျက်နှာမူပြီး
ဝေးတမြေမှ တိုးရှရှဆုတောင်းမှု့တွေနဲ့
ကျနော့် မေမေနေကောင်းပါစေ နော်...။


(၂)
မေမေရေ...
မေမေပေးခဲ့တဲ့ ပညာအမွေတွေနဲ့
မေမေပြောခဲ့တဲ့ ဆုံးမမှု့တွေအောက်မှာ
အမှန်နဲ့ အမှားကို မြင်တတ်အောင်ကြည့်ရင်း
နားလည်ရခက်တဲ့ လူတွေရဲ့ကြားမှာ
ညီမျှခြင်းဆိုတဲ့ အဖြေတခု ကိုက်ညီဖို့
သား ကြိုးစားနေဆဲပါမေမေ...။


(၃)
မေမေရေ...
ဘ၀ဆိုတဲ့ လောကဇတ်ခုံကြီးက အခက်သားနော်
ကံစီမံရာ ကြိုးဆွဲမှု့တွေ အောက်မှာ
နိမ့်ချည်တခါ မြင့်ချည်တလှည့်နဲ့
အိမ်ဘေးနား ကန်ကြီးလိုပါပဲ
ငြိမ်သတ်လာလိုက် ပုတ်ခတ်မှု့တွေ ရှိလိုက်မို့
သား တောင် တော်တော် ကျင့်သားရနေပြီ မေမေ...။


(၄)
မေမေရေ...
တခါတလေ သားက မေမေစကားတွေ မျက်ကွယ်ပြုဖူးတယ်
ကြိုးစားမှု့တွေရဲ့နောက်မှာ ရိုးသားမှု့ရှိရမယ်တဲ့နော်...
လူတိုင်းတွေ့ကြုံနေကြ ၀မ်းသာမှု့ ၀မ်းနည်းမှု့ဆိုတဲ့
မညီမျှတဲ့ ခေါင်းစဉ်တွေ အောက်မှာ
မုသားဖြူဆိုတာလေးတွေကို သားသုံးခဲ့ရဖူးတယ်
ဒီအတွက် သားကိုခွင့်လွှတ်ပါ မေမေ...။


(၅)
မေမေရေ...
တကယ်ဆိုရင် သား ရင့်ကျက်မှု့တွေ မရှိသေးဘူး
ဖြေရှင်းရခက်တဲ့ ပြသနာတခု ကြုံလာတိုင်း
မေမေကို အရမ်းတမ်းတမိတယ်
မေမေသာ အနားမှာရှိရင်ဆိုရင်ဆိုတဲ့ အတွေးတွေက
သားကို ရင့်ကျက်ဖို့လိုသေးတယ်ဆိုတာ ပမာပြနေတာလေ..
သား ဒီထက် ကြိုးစားပါ့မယ် မေမေ...။

(၆)
မေမေရေ...
အသိနဲ့ သတိဆိုတဲ့ ထိန်းချုပ်မှု့အောက်မှာ
ဘ၀နဲ့ ဆန္ဒ ဆိုတာကို
ချိန်ခွင် လျှာ ညိုနေရတယ်
အကောင်းဆုံး ကြိုးစား မှု့တွေနောက်မှာ
အဆိုးဆုံးဆိုတာ ဖြစ်မလာနိုင်ပါဘူးလို့တွေးရင်း
မနက်ဖြန်တိုင်းအတွက် ပြင်ဆင်နေတယ်  မေမေ...။



                                                     ငဖြိုး

PS: အမေ...သို့ (၂) ဆက်ပါဦးမည်....

တွဲလက်တို့ ခိုင်မြဲဖို့လိုတယ်

ခွဲခွါမှု့တွေ တိုင်းမှာ
တနေ့နေ့ဆိုတဲ့ ၀ိုးတ၀ါးမျှော်လင့်ချက်တွေရှိနေတယ်...။

သတိရမှု့တွေတိုင်းမှာ
အတိတ်ကဆိုတဲ့  ခပ်ရေးရေးဇတ်လမ်းတွေ  ရှိခဲ့တယ်...။

လွမ်းဆွတ်မှု့တွေတိုင်းမှာ
ဝေးကွာခြင်းဆိုတဲ့  မနေ့ကအကြောင်းတွေ ရှိဖူးတယ်...။

ရင်ခုန်မှု့တွေတိုင်းမှာ
နှလုံးသား တစုံရဲ့ တိုးရှရှ စကားပြောသံ တချို့တွေရှိကြတယ်....။

ချစ်ပါတယ်ဆိုတဲ့ စကားအဆုံးမှာ
အဆိုးဆုံးနေ့ရက်တွေထိ ခိုင်မြဲတဲ့ တွဲလက်တွေ ရှိနေဖို့လိုတယ်...။

ဟုတ်တယ်..
အချစ်ဆိုတဲ့လမ်းမှာ  ပျော်ရွှင်မှု့တွေ ရှိနေသလို ခက်ခဲကြမ်းတမ်းတဲ့
နေ့တွေလဲ ရှိနေတယ်လေ...။
လူတစ်ယောက်ကိုတကယ်ချစ်မိပြီဆိုရင်
အဆိုးဆုံးနေ့ရက်တွေထိ ခိုင်မြဲတဲ့ တွဲလက်တွေရှိနေဖို့လိုအပ်တယ်....။

                                                                 ငဖြိုး

Tuesday, June 26, 2012

How to Make Myanmar Blog




ဒီနေ့ ကျွန်တော်တင်ပေးလိုက်တဲ့ ကောင်လေး ကတော့ မြန်မာဘလော့ဂ်တစ်ခုကို ဘယ်လို ဖန်တီး၇တယ် ဆိုတဲ့ အကြောင်းလေးကို ရေးထားတဲ့ စာအုပ်လေး ဖြစ်ပါတယ်----- ဘလော့တစ်ခုကို ကိုယ်တိုင် မလုပ် တတ်သေး တဲ့ သယ်ချင်းများ အတွက် ၇ည်၇ွယ်ပြီး ဒီစာအုပ်လေး ကို တင်ပေးလိုက်တာ ဖြစ်ပါတယ်---- ဘလော့ လေး မလုပ်ခင်မှာ အ၇င်ဆုံးလို အပ်တာကတော့ အကောင့် တစ်ခု ဖြစ်ပါ တယ်--- ပြုလုပ် ပုံလေးတွေကို တော့ အောက်က စာအုပ်လေးထဲ မှာ ရေးသားထားပါတယ် ခင်ဗျာ------

လိုချင်တဲ့ သူများ အောက်က download လင့်လေး ကနေယူသွား လိုက်ပါ----


Saturday, June 23, 2012

DDR2 နဲ့ DDR3 ကွာခြားချက်များ



ကျွန်တော်တို့ အတိုကောက် ခေါ်ကြတဲ့ RAM ဆိုတာ Random Access Memory ဆိုတာတော့ ကွန်ပြူတာနဲ့ ရင်းနှီးထိစပ်နေသူ တော်တော်များများ သိကြပါတယ်။ အတိုကောက် ပြောကြရင် တော့ Memory ပေါ့။။ကွန်ပြူတာ တစ်လုံးဟာ RAM မရှိရင် ဖြစ်ဖြစ် OS ရဲ့ လိုအပ်ချက်နဲ့ ပြည့်မှီအောင် RAM မထည့်သွင်းထားနိုင်ရင် ဖြစ်ဖြစ် စက်က အရမ်းနှေးကွေး လေးလံပြီး လိုလားချက်ပြည့်စုံနိုင်ဖို့ အချိန် အရမ်းပေး ရတတ်ပါတယ်။
 
ဒီလို အဖြစ်အပျက်တွေက အရင်တုန်းက ကွန်ပြူတာ အဟောင်းတွေ မှာ တော်တော် များများ တွေ့ရ တတ်ပြီး အဲလို ဖြစ်လာရင် သင့်တော်တဲ့ Speed ရအောင် RAM ထပ်တိုးရတာတွေ တစ်ခြား Upgrade လုပ်ဆောင်ရတာမျိုးတွေ လုပ်ပေးရတတ်ပါတယ်။ ဒါပေမယ့်လည်း RAM ထပ်တိုးတယ် ဆိုတာ တကယ်တော့ ရိုးရိုး ပမာဏ သတ်မှတ်ချက် တစ်ခုပါ - သူ့နောက်မှာ ကျွန်တော်တို့ သိထားသင့်တာတွေ အများကြီး ကျန်ပါသေးတယ်။ RAM မှာမှ Versions တွေ အမျိုးမျိုး ရှိသလို - Speeds တွေလည်း အမျိုးမျိုးရှိပြီး ကွာခြားချက်တွေလည်း အမျိုးမျိုး ရှိပါသေးတယ်။ ဥပမာ အနေနဲ့ ပြောရရင် DDR2 800 RAM နဲ့ 2GB stick တစ်ခုဟာ DDR3 1333 RAM နဲ့ 2GB stick ကို ယှဉ်လိုက်ရင် 2GB ချင်း ပမာဏ တူပေမယ့် စွမ်းဆောင်ရည်ချင်း မတူပါဘူး RAM အမျိုးအစား မတူတာနဲ့ ဘာတွေများ ကွဲသွားသေးတာလဲ - ဒါတွေက ကွန်ပြူတာ သမားပဲ ဖြစ်စေ - ရိုးရိုး ကွန်ပြူတာ သုံးသူ တစ်ယောက် ဖြစ်စေ နားလည်ထားဖို့ သင့်ပါတယ်။

Thursday, June 21, 2012

Windows 7 Installation Guide



ဒီကောင်လေး ကတော့ Windows 7 Installation Guide စာအုပ်လေး ဖြစ်ပါတယ်------ ကွန်ပျူတာနဲ့ အကျွမ်းတ၀င် မ၇ှိကြတဲ့ သယ်ချင်းများအနေနဲ့  မိမိတို့ ရဲ့ ကွန်ပျူတာကို ဘယ်လို window အသစ်တင်ရမှန်းမသိ ဖြစ်တတ်ပါတယ်-----အဲဒီအခါ  သယ်ချင်းများ အတွက် ဒီကောင်လေးက အထောက် အကူဖြစ်ပါလိမ့်မယ်----

လိုချင်တဲ့ သယ်ချင်းများ အောက်က download လင့်လေး ကနေယူသွား လိုက်ပါ----



Window xp တင်နည်း----





ဒီကောင်လေး ကတော့ Windows XP Installation Guide  လေး ဖြစ်ပါတယ်---- windows  XP တင်နည်းလေးကို မသိသေးတဲ့ သယ်ချင်းများ အတွက် အထောက်အကူဖြစ်ပါတယ်--ခင်ဗျာ။။

လိုချင်တဲ့ သယ်ချင်းများ အောက်က download လင့်လေး ကနေ ယူသွားလိုက်ပါ ------


Tuesday, June 19, 2012

Firefox Setup 14.0 beta 7



ဒီကောင်လေး ကတော့ Firefox Setup 14.0 beta 7 လေးဖြစ်ပါတယ်----- နောက်ဆုံး ထွက် update လေးပါ-----ဒီကောင်လေး မှာ မြန်မာဖောင့်ပြောင်းနည်းတို့  bookmark မှတ်နည်းလေး တွေကို တော့ သယ်ချင်းများ သိနှင့်ပြီး ဖြစ်မှာပါ --- အရင် ပိုစ့်လေးတွေမှာ ဖော်ပြပေးထားတာ ရှိပါတယ်-----

လိုချင်တဲ့ သူများ အောက်က download လင့်လေး ကနေယူသွား လိုက်ပါ ခင်ဗျာ------



Monday, June 18, 2012

မိမိ ကွန်ပျူတာမှာ Regedit ခော်လို့ မရဘူးဆိုရင်



ကျွန်တော်ခုဖော်ပြပေးတဲ့  နည်းလမ်းလေး ကတော့ Regedit ကို run box ထဲက နေခော် လို့ မရတဲ့ သယ်ချင်း များ အတွက်ြ့ဖစ်ပါတယ်---  ပြန်ဖွင့်ဖို့ ကတော့ မခက်ပါဘူး။ လုပ်ပုံလုပ်နည်းလေးကို  အောက် မှာ ပုံလေးတွေနဲ့  ဖော်ပြပေးထားပါတယ် ခင်ဗျာ--------
အရင်ဆုံး  Start မှ Run (win +R) ကို ဖွင့်ပါ။ ပြီးရင် run box ထဲမှာ gpedit.msc ကို ရိုက်ထည့်ပါ။ 


Sunday, June 17, 2012

Computer downloading ကို မြန်စေချင်ရင်


 



ဒီနည်းလမ်း လေးကတော့ မိမိတို့ ရဲ့ ကွန်ပျူတာ မှာ ဒေါင်းလော့ ချတဲ့ အခါ မြန်စေမှုရှိအောင် လုပ်တဲ့ နည်းလမ်းလေး ဖြစ်ပါတယ်---- လုပ်ပုံလုပ်နည်းကတော့ မခက်ပါဘူး ခင်ဗျာ----- 

အရင်ဆုံး Start မှ Run ကို ဖွင့်ပါ။ ပြီးတဲ့ အခါ  rum box ထဲမှာ gpedit.msc ကို ရိုက်ထည့်ပါ။ Group Policy Editor ပေါ်လာပါက Computer Configuration ကို ရွေးပါ။ ပြီးလျှင် Administration Templates >> Network မှတစ်ဆင့် Qos Packet Scheduler ကို Select ပါ။ ပြီးတဲ့ အခါ Limit reservable bandwith ကို Double Clicke လုပ်ပါ။ Box တစ်ခုပေါ်လာ ပါလိမ့်မယ်----- အဲမှာ Enable ကို ရွေးလိုက်ပါ---- ပြီးရင် bandwith limit ကို 0 ပြောင်းလိုက်ပါ----- ဒါဆိုရင်တော့ computer downloading လေး အရင်က ထက်မြန်လာတာကို တွေ့ ရမှာ ဖြစ်ပါတယ်-----

Friday, June 15, 2012

WiFi Internet Connection Hacking စာအုပ်

ဒီနေ့ တော့ ကျွန်တော့်ရဲ့ ဆိုဒ်လေးကို ပြန်လည်ရေးနိုင်ပြီ ဖြစ်ပါတယ်-----ဒီအတောအတွင်းမှာ  ကျွန်တော့်ရဲ့ ဆိုဒ်လေးကို မရေးဖြစ်တာ တစ်လကျော် နှစ်လနီးပါး ၇ှိပါပြီ------ သူငယ်ချင်းတချို့ လဲ  ဆိုဒ်လေးကို မရေးတော့ ဘူးလား ဆိုပြီး မေးလ်ထဲကနေ မေးကြပါတယ်-----  အချိန် တော်တော်ကြာကြာ ပျောက်နေတာကို  သူငယ်ချင်းတွေ  တမျိုးမထင် ပါနဲ့ ခင်ဗျာ---- ကျွန်တော့်ရဲ့ ဆိုဒ်လေးကို မရေးတော့ တာ မဟုတ်ပါဘူး---- မရေးဖြစ်ရတဲ့  အကြောင်းလေးကတော့ ကျွန်တော့်ရဲ့ ညာဘက်လက်လေး နှစ်လ နီးပါးလောက် ကျောက်ပတ်တီးကိုင်ထားတဲ့ အတွက်ဖြစ်ပါတယ်------ အဲကြောင့် အချိန်တော်တော်ကြာကြာ မရေးဖြစ်တာ ဖြစ်ပါတယ်-------

ယခု ကျွန်တော် တင်ပေးလိုက်တဲ့ စာအုပ်လေး ကတော့ WiFi Internet Connection Hacking စာအုပ်လေးပါ------- ဒီစာအုပ်လေးကို တင်ပေးလိုက်တာ ကတော့ WiFi Internet Connection ခိုးယူသုံးစွဲဖို့  အတွက် မဟုတ်ပါဘူး ခင်ဗျာ------ ခိုးယူသုံးစွဲ လို့ ရတယ်ဆိုတာ ရယ် ၊ အဓိက ကတော့ ဘယ်လိုကာကွယ် ရမယ်ဆိုတာကို သိစေချင်တာ ဖြစ်ပါတယ်------

ဒီကောင်လေး ကို လိုချင်တဲ့ သူများ အောက်က download လင့်လေး ကနေယူသွားလိုက်ပါ------

 

Tuesday, April 24, 2012

USB ပေါက်လေးတွေကို ပိတ်ထားချင်တဲ့ သယ်ချင်းများအတွက်



ဒီနည်းလမ်းလေး ကတော့ မိမိတို့ ၇ဲ့ ကွန်ပျူတာမှာ USB ပေါက်လေး တွေကို ပိတ်ထားချင်တဲ့ သယ်ချင်း များ အတွက် နည်းလမ်းလေး ဖြစ်ပါ တယ်----- ကွန်ပျူတာ နဲ့ ၇င်းနှီးတဲ့ သယ်ချင်းတွေ တော်တော် များများတော့ သိ၇ှိပြီး ဖြစ်မှာပါ --- မသိသေး တဲ့ သယ်ချင်းများ အတွက် ဖော်ပြပေး လိုက် တာပါ--- လုပ်ပုံ လုပ်နည်း လေးကတော့ အ၇င်ဆုံး my computer ကို right click ထောက် ပြီးရင် manage ကိုရွေးလိုက်ပါ------

Sunday, April 22, 2012

File Folder လေးတွေကို ဓာတ်ပုံလေးနဲ့ ပေါ်အောင်လုပ်နည်း



ဒီနည်းလေး ကတော့ မိမိတို့ ၇ဲ့  file folders လေးတွေမှာ ပုံလေးနဲ့ ပေါ်အောင်လုပ်တဲ့ နည်းလေး  ဖြစ်ပါ တယ်--- လုပ်ပုံ လုပ်နည်းလေး ကတော့ လွယ်လွယ်လေးပါ---- သယ်ချင်းတွေ တော်တော် များများ လဲ သိပြီးသား ဖြစ်ပါလိမ့် မယ် -- မသိသေးတဲ့ သယ်ချင်းများ အတွက် ဖော်ပြပေး လိုက်တာပါ-- ခင်ဗျာ။။

၁) Start >> All Programs >> Paint ကို ဖွင့်ပါ။

၂) Paint ပေါ်လာရင် Open ကနေ မိမိတို့ လုပ်ချင်တဲ့ ဓါတ်ပုံကို ဖွင့်လိုက်။

Saturday, April 21, 2012

မိမိသီချင်းနားထောင်နေတာကို gtalk မှာ ပေါ်နေစေချင်၇င်



ဒီနည်းလေးကတော့ မိမိသီချင်းနားထောင်နေတာကို Gtalk မှာ ပေါ်နေအောင် လုပ်တဲ့ နည်းလေး ဖြစ်ပါတယ်------- အ၇င်ဆုံး မိမိတို့ နားထောင်မယ် သီချင်းကို Window Media Player နဲ့ ဖွင့်ပြီး  နားထောင်ရ မှာဖြစ်ပါတယ်------  Window Media Player  Version တော်တော်များများ နဲ့ အဆင်ပြေပါတယ်----- ဒီနည်းလေးကို သယ်ချင်းတော်တော်များများတော့ သိ၇ှိပြီး ဖြစ်မှာပါ----- မသိသေးတဲ့ သယ်ချင်းများ အတွက် ဖော်ပြပေးလိုက်တာ ဖြစ်ပါတယ်------

Friday, April 20, 2012

LEARNING CSS ( pdf )



ဒီကောင်လေး ကတော့ LEARNING CSS စာအုပ်လေး ဖြစ်ပါတယ်---- CSS ကို လေ့လာချင်သူများ အတွက် ဒီကောင်လေးကို တင်ပေးလိုက်တာ ဖြစ်ပါတယ်----- CSS ဆိုတာကတော့ cascading style sheets ကို ဆိုလိုတာ ဖြစ်ပါတယ်----- ဒီကောင်လေးဟာ web designေ၇းဆွဲတဲ့ နေ၇ာမှာ သုံးပါတယ်----

ဒီကောင်လေးကို လိုချင်တဲ့ သူများ အောက်က download လင့်လေး ကနေ ယူသွားလိုက်ပါ---


Thursday, April 19, 2012

window xp မှာ shutdown ချတာ မြန်စေချင်၇င်



ဒီနည်းလမ်းလေး ကတော့ window XP အသုံးပြု တဲ့ သယ်ချင်းများ အတွက် shutdown မြန်အောင် လုပ်နည်းလေး ဖြစ်ပါတယ်----  အရင်ဆုံး  start>> Run (or) win + R ကိုသွားလိုက်ပါ…။ ပြီး၇င် Run Box တွင် regedit ကိုရိုက်ထည့် ပါ---- ပြီးတဲ့ အခါ HKEY_CURRENT_USER >> Control Panel >> Desktop ထိရောက်အောင် သွားပါ. .ဘေးက Box မှာ AutoEndTasks ဆိုတာကိုရှာပြီး Value data မှာ 1 ပြောင်းပေးလိုက်ပါ ---  HungAppTimeout နဲ့ WaitToKill AppTimeout နှစ်ခုလုံးကို 1000 လို့ပြောင်းပေးလိုက်ပါ..။ အဲဒါဆို၇င်တော့ မိမိတို့ ကွန်ပျူတာကို  shutdown ချတဲ့ အခါ အ၇င်က ထက် မြန်ဆန်လာမှာ ဖြစ်ပါတယ်---- ခင်ဗျာ။။

Shutdown ချရာတွင် မြန်စေချင်၇င်



ဒီနည်းလမ်းလေး ကတော့ မိမိတို့  ကွန်ပျူတာကို shutdown ချ၇ာတွင် မြန်ဆန် မှု၇ှိစေ ၇န် အတွက် ဖြစ်ပါ တယ်---- အ၇င်ဆုံး

(၁) Run ထဲမှ regedit ကို ရိုက်ပါ။
(၂) ပြီး၇င် box လေးတစ်ခု ကျလာပါလိမ့်မယ် --အဲမှာ  HEKY_LOCAL_MACHINE ကို ရွေးပါ။
(၃) ပြီး၇င် System >> Current ControlSet >>Control  ကို နှိပ်ပါ---
(၄) ပြီး၇င်  ညာဘက်တွင် WaitToKillServiceTimeout ဆိုတာ ရှိပါတယ်။ Double Click နှိပ်ပြီး ပေါ်လာတဲ့  box လေးမှာ  2000 ကို 200 ပြင်လိုက်ပါ--- 

အ၇င်ထက် ပိုပြီး shutdown ချ၇ာမှာ မြန်ဆန်မှု ၇ှိလာမှာ ဖြစ်ပါ တယ်------

Wednesday, April 18, 2012

Firefox Setup 12.0 beta 5



ဒီကောင်လေး ကတော့ Firefox Setup 12.0 beta 5 software လေးဖြစ် ပါတယ်----- နောက်ထွက် တဲ့ ကောင်လေးပေါ့ ဗျာ-- နောက်ဆုံး ထွက်လာတဲ့ update လေးတွေကို သုံးချင်တဲ့ သယ်ချင်းများ အတွက် ဒီကောင်လေးကို တင်ပေးလိုက်တာပါ----- ပြီးတော့  mozilla firefox လေးမှာ တစ်ခုဖြုတ်ပြီး တစ်ခုအသစ် run တော့ မယ်ဆို၇င်  bookmark လေးကိုသိမ်းဆည်း၇မှာ ဖြစ်ပါတယ်--- ဒီတိုင်းကြီး ဖြုတ်ပြီး အသစ် run လိုက်တဲ့ အခါ မိမိတို့ အ၇င်က မှတ်ထားခဲ့တဲ့ အကြောင်းအ၇ာလေး တွေပျက်သွားမှာ ဖြစ်ပါတယ် ----- bookmark လေးကို ဘယ်လို သိမ်းဆည်း၇မယ် ဆိုတာကို အောက်က လင့်လေးမှာ ဖော်ပြပေးထား ပါတယ်--------

http://www.soepae.blogspot.com/2012/01/firefox-bookmark.html

mozilla firefox 12.0 beta 5 software လေးကို လိုချင်တဲ့ သူများ အောက်က download လင့်လေး ကနေ ယူသွားလိုက်ပါ-----