Saturday, January 21, 2012

Desktop Backgroung လေးကို Video လေးနဲ့ ထားချင်၇င်--



Slide show လေးတွေ Themes ပုံစံအမျိုးမျိုးထားပြီးတော့  Desktop background ကို အမျိုးအမျိုး အလှဆင် အသုံးပြုကြပါတယ်။ ကျွန်တော်ပြောချင်တာက အဲဒီ background လေးကို video
လေးနဲ့ထားချင်တဲ့ သူအများတွက် ပါ။  အဲလိုလုပ်ဖို့အတွက် မိမိ
ကွန်ပျူတာထဲမှာ အရင်ဆုံး VLC player software လေးရှိရပါ့မယ်။ မရှိသေးဘူးဆိုရင်လည်း အောက်က download လင့် မှာ ယူသွား လိုက်ပါ----



အသုံးပြုက အရင်ဆုံး vlc player မှာရှိတဲ့ Tool ကနေ prefences ကိုသွားပါ။ Prefences box  လေးပေါ်လာပါလိမ့်မယ်။ 
  



အဲဒီ box ထဲမှာ video ဆိုတာကိုရွေးပါ။ output  ဆိုတာရဲ့ဘေး နားလေးက အတန်းလေး ထဲမှာ  DirectX (DirectDraw) video output ကိုရွေးပါ။ ပြီးရင် save ပါ။ ပြီးရင် vlc player လေးကို ပိတ်လိုက်ပါ။ သီချင်းတစ်ပုဒ်ကိုဖွင့်ပါ။ သီချင်းဖွင့်တဲ့အခါ မှာ vlc player ရဲ့အပေါ် ဘားတန်းမှာရှိတဲ့ video ဆိုတာလေးကိုကလစ်ပေးပါ။ ပြီးရင်  DirectX Wallpaper ကိုကလစ်ပေးပါ။ VLC  ကို minimize ပေးလိုက်ပါ။ အဲဒါဆိုရင် desktop background မှာ မိမိဖွင့်ထားတဲ့ သီချင်းလေး ရောက်နေပါလိမ့်မယ်။ VLC player ကိုပိတ်လိုက် မယ်ဆိုရင်တော့ Video background လေးပျောက်သွားပါ လိမ့်မယ်....

ပီးတော့ရှိသေးတယ်  လက်ဂနာမငြိမ်ဘဲ right click ထောက်ပြီး refresh ပေးမယ်ဆိုရင်လည်း video background ပျောက် သွားပါ လိမ့်မယ်။

 အောက်မှာ ပုံလေး နဲ့  ၇ှင်းပြပေးထားပါတယ်----








No comments:

Post a Comment