Sunday, February 26, 2012

ကွန်ပျူတာလုံခြုံရေးနည်းလမ်းလေးတစ်ခု



ကွန်ပျူတာ သုံးစွဲသူတိုင်း မိမိတို့ရဲ့ ကွန်ပျူတာ လုံခြုံရေးကို နည်းမျိုးစုံနဲ့ လုပ်ဆောင်နေကြပါတယ်။ ခက်ခဲတဲ့ Password ပေးပြီး လုပ်ကြ သလို ဆော့ဝဲလ်များဖြင့်လဲ ကာကွယ်ကြပါတယ်။ မည်သို့ပင် လုပ်နေလဲ ခိုးသူကအမြဲ သာမြဲ သာနေသည်မှာ ယခုမှ မဟုတ်ပါ။ 

အခိုးခံရသူများအတွက် ဟာကွက် တစ်ခုဖြစ်သော အချက် တစ်ခုကို ကာကွယ်နိုင်ရန် ဖော်ပြလိုက်ပါ၏။ ကွန်ပျူတာ ၀င်းဒိုး တက် လာပါက မိမိတို့ အမည်ပေးထားတဲ့ User Account ကို မြင်တွေ့ရမှာပါ။။။။ အဲဒီ Account အပြင် Hide လုပ်ထားတဲ့ Administrator Account ဆိုတာ ရှိပါတယ်။ မြင်တွေ့ချင်ရင်တော့ Ctrl + Alt + Delete ကို နှစ်ခါလောက် နှိပ်လိုက် ရင် Login Box ကျလာမှာပါ။ User နေရာမှာ Administrator ကို ရိုက်ပြီး Enter ခေါက် လိုက်ရင် ၀င်းဒိုးထဲ ၀င်ရောက်နိုင်ပါတယ်။ 

ဒါက စက်တိုင်း မှာ ဟာကွက် တစ်ခုအနေနဲ့ ရှိနေဆဲပါ။ သိသူက ယခု နည်းလမ်းကို အသုံးပြုပြီး ဖွင့်သုံးနေမှာပါ။ Administrator Account ဖြစ်တဲ့အတွက် Data အပြင် အခြား application တွေကိုလဲ စိတ်ကြိုက် သုံးစွဲနိုင်ပါတယ်။

ဒီအတွက် Administrator Account ကို ပိတ်ထားဖို့ လိုအပ်ပါသည်။ အ၇င်ဆုံး My computer ကို  Right ထောက်ပြီး Manage ကိုရွေးပါ။ ပြီး၇င်  Local User and Groups ကို ဖွင့်ပါ။ပြီး၇င်  User >> Administrator ကို Double Click လုပ်ပါ--  အဲမှာ  Box လေးတစ်ခု ကျလာရင် Account is disabled ကို အမှန်ခြစ်ပေးပါ။ Apply ၊ Ok လုပ်
ပါ။ ဒါဆို ရင် Ctrl + Alt + Delete လုပ်ပြီး ဖွင့်လို့ မရနိုင်တော့ပါ။ အခွေ များဖြင့် ၀င်ရောက်နေသည့်နည်းလမ်း များကိုတော့မဆိုလိုပါ။ ယခုနည်းလမ်း သည် ကွန်ပျူတာကို ခိုးယူ သုံးစွဲသူများ အတွက် အင်မတန်လွယ်ကူနေ၏။ သို့ကြောင့် ပိတ်ထားမည် ဆိုလျှင် အလွယ်တကူ သုံးစွဲနိုင်မည် မဟုတ်တော့ ပါခင်ဗျာ-----


ကျွန်တော့် အနေနဲ့ စကားတစ်ခုလောက်တော့ လက်ဆောင်ပါးလိုက်ပါ၇စေ---- ပညာ တစ်ခု ဆိုတာ လွယ်လွယ်နဲ့ မ၇ပါဘူး----- သယ်ချင်းတို့ အနေနဲ့ ပေါ့ပေါ့တန်တန် မတွက်မိပါစေနဲ့ ----- ကျွန်တော်သိသမျှလေးတွေကို သယ်ချင်းများကို လဲ သိစေချင်တဲ့ အတွက် ခုလို့ မျှဝေပေး ခဲ့တာပါ ----(ခင်မင်လျှက်)။။။
                                      

No comments:

Post a Comment