Tuesday, January 31, 2012

တချိန်ကသူငယ်ချင်းများ--သို့ 


                         "  တချိန်က သူငယ်ချင်းများ ....သို့ "

ရန်ဖြစ်လိုက် ပြန်ချစ်လိုက်နဲ့
ရယ်စရာတွေပြော
ဟာ သတွေတွေနှောကာ
ပျော်ရွှင်ခဲ့တဲ့ တို့ဘ၀တွေ
ဘယ်တော့မေ့နိုင်မှာလဲ........။

အမှတ်တရရှိဆဲပေါ့--------
ဘ၀ရဲ့ လမ်းခုလတ်
(၁၀)တန်းဆိုတဲ့ နေ့ရက်တွေတုန်းက
အပျော်တွေ မက်ပေမယ့်
စာတွေကို အော်ကျက်ရင်း
ဆရာ/မ တွေရဲ့ လမ်းညွှန်
မိဘတွေရဲ့ သွန်သင်မှု့ နဲ့
ချိုမြိန်တဲ့ အောင်မြင်မှု့တွေကို
ငါတို့တွေ စားသုံးခဲ့ဖူးတယ်........။

ဘယ်လိုမေ့နိုင်မှာလဲ---------
နေရာမတူတဲ့တက္ကသီလာတွေမှာ
အမြင်မတူတဲ့ ခံယူချက်တွေနဲ့
ဘ၀အတွက် ပညာရပ်တွေကို
ခက်ခဲစွာ သင်ကြားရင်းနဲ့
နက်နဲစွာလေ့လာခဲ့ဖူးတယ်.......။

ဒီလိုနဲ့ဘဲ
ဘ၀ဆိုတဲ့ သမုဒ္ဒရာပြင်ကြိးမှာ
ဝိရိယ၊ဇွဲ၊လုံလဆိုတဲ့
တက်မ ငယ်ကို အဖော်ပြုရင်း
အားသွန်ခွန်စိုက် ကြိုးစား
နိုးကြားစွာ ရွက်လွှင့်ရင်း                                    
တချို့ တလေ လဲကြွေ
တချို့တတွေ လဲ ဝေပြီး
တချို့တလေလဲ ရုန်းကန်လျှက်ပေါ့.......။

ငါ့ကတော့-----
ကျောင်းတော်ကြီးရဲ့ ခေါင်းလောင်းသံနဲ့
ကျောင်းသား/သူ တချို့ ရဲ့ စာအော်ကျက်သံတွေကိုကြားတိုင်း
တချိန်က တို့တတွေကွန်းခိုခဲ့ဖူးတဲ့နေရာလေးနှင့်
ဆရာ/မတွေနဲ့ အတူ
ငါမင်းတို့တတွေကို သိပ်လွမ်းမိပါတယ်
ကံမကုန်ရင် ဆုံမှတ်ဆိုတဲ့ တနေရာမှာ
ငါတို့တတွေ ပြန်ဆုံကြဥိးမှာပေါ့ .........။

mr.lazygod@gmail.com
တချိန်က သူငယ်ချင်းများကိုအစဉ်သတိရလျှက်---- ငဖြိုး

No comments:

Post a Comment