ဒီကောင်လေး ကတော့ ဘာမှတော့ မဟုတ်ပါဘူး ။ မသိသေးတဲ့ သူများအတွက်ပါ။ Gmail ကနေ Facebook ကိုဖြစ်ဖြစ် Facebook ကနေ Gmail ကိုဖြစ်ဖြစ် မေးပို့တဲ့ နည်းလေးပါ။
အရင်ဆုံး Facebook ကနေ Gmail ကိုပို့တဲ့နည်းလေးပြောပြပါ့မယ်။ ကျွန်တော် တို့ Facebook မှာ ရိုးရိုး မက်စေ့ ပို့သလိုပါပဲ ။ Send a new message ကို သွားလိုက်ပါ။အဲမှာ To ဆိုတဲ့နေရာမှာ မိမိပို့ချင်သော သူရဲ့ gmail ကို အပြည့်အစုံ ရိုက်ထည့်ပါ။ ဒါဆိုရင် gmail ထဲကို မေးလ် ရောက်သွားပါလိမ့်မယ်။
ဒီနေရာမှတစ်ခုသတိထားရမှာက ကျွန်တော်တို့ ဖေ့ဘွတ်ကိုလည်း name@facebook.com ဆိုတာကိုလုပ်ဖို့လိုပါတယ်။ မရှိရင်ပို့လို့မရပါဘူး။ မရှိသေးဘူးဆိုရင် ဒီလိုစာတန်းလေး To send to an email address, first set up your own facebook.com email address ပေါ်လာပါတယ်။. အဲဒီ စာတန်းလေး ကို ကလစ်ပေးလိုက်ပါ။ Facebook က အော်တို နာမည်လေး ပေးပါလိမ့်မယ်။ ဥပမာ -bluegyi@facebook.com အဲလိုမျိုးလေးပေါ့။
နောက်တစ်ခုက Gamil ကနေ Facebook ကိုပို့တာ ။ ဒါလေးလည်းလွယ်လွယ်လေးပါ။ မိမိတို့ gmail ပို့နေကျအတိုင်းပဲ compose mail ကိုကလစ်ပေးပြီး To ဆိုတဲ့နေရာမှာ name@facebook.com ဆိုပြီး ရိုက်ထည့်ရုံပါပဲဗျာ---
အဆင်ပြေပါစေဗျာ------
No comments:
Post a Comment