Tuesday, January 31, 2012

စောင့်၍ကြိုနေ...ခင်


                        စောင့်၍ကြိုနေ...ခင်

သစ်ရွက်ခြောက်ကြွေ နွေရက်တွေတုန်းက
ပူပြင်းကျောထက် ရေတွေငတ်လည်း
တောကိုကျော်ဖြတ် တောင်ကိုတက်၍
နေပူကျဲကျဲ တိုက်ပွဲနွဲခဲ့
ကြမ်းတမ်းခဲ့ရ စစ်သားဘ၀မို့................။

မိုးတဲ့xxxxxxxxx
စိမ်းလဲ့ဖြာဝေ မိုးရက်တွေတုန်းက
တောင်ကျ ချောင်းစီး ရေတွေကြီးလဲ
ဝါးပင်ကိုခုတ် ဖောင်ဖွဲ့လုပ်ပြီး
မိုးရေသဲသဲ တိုက်ပွဲနွဲခဲ့
ကြမ်းတမ်းခဲ့ရ စစ်သားဘ၀မ...........။

ဆောင်းတဲ့xxxxxxxxx
နှင်းပွင့်တွေဝေ ဆောင်းရက်တွေတုန်းက
ရင်တွင်းစိမ့်အေး နှာတွေစေးလဲ
ကျောပိုးအိပ်လွယ် သေနတ်သယ်ပြီး
မြူမှုန်စဲစဲ တိုက်ပွဲနွဲခဲ့
ကြမ်းတမ်းခဲ့ရ စစ်သားဘ၀မို့....................။

ဒါပေမယ့်လည်း
ပြည်တော်ဆီက ချစ်သူထံပါးကို
တာဝန်တွေများ မအားတဲ့ကြားက
နေ့စဉ်တမ်းတ အမြဲသတိရလျှက်ပါ
တိုင်းပြည်ငြိမ်းချမ်း ခွင့်ရက်များရှိခဲ့ရင်
တခါတခေါက် အရောက်လှမ်းခဲ့မယ်
စောင့်၍ကြိုနေခင်.................-။

mr.lazygod@gmail.com
ငဖြိုးးးးးးးးးး

1 comment:

  1. ဒီထက်ပိုပြီး တိုင်းပြည်နဲ့ လူမျိုးအတွက် အလုပ်လုပ်နေတဲ့ စစ်သားဘ၀ကို
    နားလည်အောင်ဆက်လက်ရေးသွားပေးပါ..

    တိုက်ပွဲဝင် နောင်တော်များကို အထူးလေးစားလျှက်
    ငယ်ငယ်

    ReplyDelete