Tuesday, January 31, 2012

ဝေးခဲ့ပြီချစ်သူ.


                    " ဝေးခဲ့ပြီချစ်သူ......"

**မျှော်လင့်မထားတဲ့ လေးဆိုး တချက်အဝှေ့မှာ
ငါ့မျက်ရည်တွေ ဝေခဲ့ရတယ် ချစ်သူ------၊။

***သစ်ရွက်လေးတွေပြန့်ကြဲမှု့နဲ့ အတူ
ငါ့နှလုံးသားဟာလည်း နင်မရှိတဲ့ အရပ်မှာ
အချိန်မတန်ဘဲ အက်ကွဲခဲ့ရတယ်.......။

***တချိန်က
ငါသိပ်မြတ်နိုးခဲ့တဲ့ နင့်နှုတ်ခမ်းတစုံက
ခါးသီးစရာကောင်းတဲ့
"မေ့လိုက်ပါတော့" ဆိုတဲ့ စကားတွေကိုဘဲ
အကြီမ်ကြီမ်ပြောနေခဲ့တယ်...........။

***တကယ်ဆို နင်မမှားပါဖူး
ငါ့ကိုယ်တိုင်ကိုက သိပ်ချစ်မိခဲ့တာပါ
အချစ်ကို ဂုဏ်ဓနဆိုတဲ့
ပေတံ ကြီးနဲ့ တိုင်းထွာခဲ့မှတော့
ငါ့က နင့်အတွက်တော့ လွမ်းလောက်တဲ့သူ
မဖြစ်တော့ဘူးလေ.........

**အခုတော့ ငါက
နင်မကြီုက်တဲ့ အရက်တွေကို
အဖော်ပြုကာကိုးကွယ်ရင်း
လမ်းခွဲခြင်းနင့် အသည်းကွဲခြင်းဆိုတဲ့ကြားမှာ
ရေတိမ်နစ်နေသူလား.......??
ဒါမှမဟုတ် လမ်းပျောက်နေသူလား ......??

***ဝေးကွာ ခြင်းဆိုတဲ့နောက်ကွယ်မှာ
အနေမနီးမှု့ကို အကြောင်းဖန်
နောက်တစ်ယောက်က ငါ့ထက်
ဂရုဏာတွေ ပိုတွေဆိုပြီး
နှစ်ဦးသားထားခဲ့ တဲ့ ကတိတွေကိုဖျက်
နင်ထွက်သွားခဲ့တယ်နော် ......

***ဘယ်လိုဘဲ ငါ့အပေါ်ရက်စက်နေပါစေ
အမှတ်တရတွေ ပေးခဲ့နင့်ကို
အချိန်တိုင်းမဟုတ်ခဲ့တောင်
တိုက်ဆိုင်မှု့တွေ ရှိတိုင်း
သတိရနေတယ် ဆိုတာ နင်ယုံမလား.....??

***ဘာတွေပဲ ဖြစ်ခဲ့ပါစေxxx
အချိန်တွေကြာလို့ တပါးသူရင်ခွင်မှာ
စိတ်မကြည်မသာဖြစ်ခဲ့တဲ့ အခါ
ငါ့ဓါတ်ပုံလေးကိုကြည့်ပြီး
ပြုံးပြနိုင်သေးရင်
ငါကျေနပ်ပါတယ် ချစ်သူ..........။

mr.lazygod@gmail.com
တချိန်က ငဖြိုး

1 comment:

  1. ကောင်းတယ်သူငယ်ချင်းမင်းကဗျာတွေ..

    ကြိုးစာနော်..အားပေးမှာပါ....(ဇင်မင်း အိမ်မဲမြို့)ww.facebook.com/aungmin.thu.79?ref=tn_tnm

    ReplyDelete