Tuesday, January 31, 2012

သိပ်ချစ်တယ်--ချစ်သူ


                     "သိပ်ချစ်တယ်..ချစ်သူ"

ပြက္ခဒိန်တွေ ဟောင်းလို့
မင်းနှုတ်ခမ်းက အချစ်စကားတွေလည်း
နှောင်းခဲ့ တဲ့ အတိတ်မှာ
ချန်ထားခဲ့ပီလား ချစ်သူ------။

ဘယ်လိုမှ မပြောင်းလဲနိုင်တဲ့
ငါ့ရင်ထဲက အချစ်တွေကတော့
မင်း သိပ်မက်မော တဲ့
ဂုဏ်ပကာသနဆိုတဲ့ တံခါးကြိးကို
မတွန်းဖွင့်နိုင်ခဲ့ဘူး --------။

ဒီအတွက်
ငါက မင်းသတ်မှတ်တဲ့ ကျရှူံးသူပေါ့
ငါဝမ်းမနည်းပါဘူး
အနိုင်အရှူံးဆိုတာကို ငါ့နှလုံးသားက
လက်မခံခဲ့ဘူးလေ
မင်းကို ဖြူစင်နဲ့ အချစ်နဲ့
ပိုင်ဆိုင်မှု့ဆိုတာကို လစ်လျူရှု့
နားလည်မှု့ဆိုတာကို အရင်းခံ
ပေးဆပ်ခြင်း အချစ်နဲ့ ချစ်ခဲ့တော့
ဂုဏ်ပကာသနဆိုတာလည်း
မလိုအပ်ဖူးဘို့ ထင်ခဲ့မိတယ်လေ -----။

ငါဟာမင်းအတွက်ကျရှူံးသူဖြစ်ခဲ့ပေမယ့်
မင်းကိုတော့ ငါနှလုံးသားက
ချစ်ဆဲချစ်နေမှာပါ
မင်းရဲ့နာမည်က ငါနှလုံးသားမှာ
အသက်နဲ့ ခန္ဒာတည်သရွှေ့
ကဗည်းထိုး ကျန်ရစ်နေမယ်ဆိုတာ
ယုံစေချင်ပါတယ် သိပ်ချစ်ရသူ----------။

mr.lazygod@gmail.com
ငဖြိုးးးးးးးးးးးးးးးးးးးးးးးးးးးးးး

No comments:

Post a Comment